Episode 18

3.6K 391 54
                                    

⟨ Unicode Version ⟩
* အတ္တနောက်ကွယ်က မသိရှိခဲ့တဲ့အမှန်တရား *
*ဒုတိယတွဲ*
*အပိုင်း၁၈*

" တစ် နှစ် သုံး အိုက်ယား..... ကွတ်ကီးနိုင်တယ် လာထား ပါးပါး "

" အားရို့... သေပါပြီ ကွတ်ကီးလေးရဲ့ "

အခန်းတံခါးကိုဖွင့်ပြီးဝင်တာနဲ့ ကုတင်ပေါ်မှာလက်တွန်းလှဲတမ်းဆော့ရင် အားပြိုင်နေကြတဲ့ သူတို့သားအဖနှစ်ယောက်။ ဂျီမင်းကြည်နူးစွာကြည့်လိုက်မိသည်။ အရှေ့က ထယ်‌လေးကတော့ ခပ်မြန်မြန်ပဲ ကွတ်ကီးအနားသွားသည်။

" ဪ... ထယ်ထယ်တို့ရောက်လာပြီလား "

ထယ်လေးကိုမြင်တော့ ဂျောင်ကုက ဝမ်းသာအားရနှုတ်ဆက်ပေမဲ့ အနောက်ကပါလာတဲ့ သူ့ကိုမြင်တော့ မျက်နှာက အချိုးတစ်မျိုးပြောင်းသွားသည်။ ဂျောင်ကုသည် သူ့ကို အခုထိအခဲမကျေသေး။ အယ်ရင်းကို ဂျင်လေးမှန်း သိသိချည်းနဲ့ ဘာကြောင့် သူ့ကို သိသိချင်း မပြောပြရတာလဲဆိုပြီး တင်းနေတာဖြစ်သည်။

" အနောက်က‌ကောင်က ဘာလိုက်လုပ်တာလဲ "

" ငါ့ညီမ ငါလွမ်းလို့လာတာ ဘာဖြစ်လဲ "

" မလွမ်းနဲ့ ငါမင်းကို မကြိုဆိုဘူး ဟိတ်ကောင် "

ဂျောင်ကုစကားအဆုံး ခြေမြန်လက်မြန်ရှိတဲ့ ကွတ်ကီးက ဂျောင်ကု‌လက်ကို ဖမ်းဆွဲကာ ကိုက်သည်။

" အ.. အ ... ဘာဖြစ်တာလဲ ကွတ်ကီးရဲ့ "

" ကိုကိုဂျီမင်းကို မပြောပါနဲ့ ကွတ်ကီးလေး သကြားလုံးမရဘဲနေဦးမယ် "

သကြားလုံးကျွေးကာ ကွတ်ကီးလေးရဲ့စိတ်ကို အပိုင်ဖမ်းထားတဲ့ ဒီပုလုံးကောင်ကို သူတကယ်အမြင်ကပ်ပါသည်။

" မမရော ကိုကိုဂျောင်ကု "

" သန့်စင်ခန်းထဲဝင်သွားတယ် မင်းတို့ရောက်လာတာ အတော်ပဲ ဒီနှစ်ရက်မှာ ဂျင်လေးက...အဲ..... အယ်ရင်းလေးက အစာကောင်းကောင်းမစားဘူး ကြည့်ရတာ ငါရှိနေလို့နဲ့တူတယ် ပြီးတော့ ဖြေရှင်းစရာကိစ္စနည်းနည်းလဲရှိတယ် အဲဒါကြောင့် ကွတ်ကီးလေးနဲ့ခဏနေပေး....

Behind The Scene Of Ego【 Season 02 】Where stories live. Discover now