Episode 07

3.4K 364 79
                                    

⟨ Unicode Version ⟩
အတ္တနောက်ကွယ်က မသိရှိခဲ့တဲ့အမှန်တရား -
- ဒုတိယအတွဲ -
- အပိုင်း ၀၇ -

အဲယားကွန်းပိုက်မှ ထွက်သည့်အသံကလွဲလို့ တိတ်ဆိတ်မှုကြီးစိုးနေတဲ့ အခန်းထဲ အေး‌အေးစက်စက်လက်နှစ်ဖက်ကို ပွတ်သပ်ရင်း သူမထိုင်နေမိသည်။ ပုံမှန်ဖွင့်ထားတဲ့အဲယားကွန်းကလဲ ဒီ‌နေ့မှ ပိုအေးနေသယောင်...။ ရှေ့တည့်တည့်မှာရှိတဲ့ လူသားကိုလည်း စေ့စေ့မကြည့်ရဲ။အမှားမလုပ်ထားမိပါဘဲနဲ့ အမှားလုပ်ထားတဲ့သူတစ်ယောက်လို မျက်နှာလွှဲကာ ခေါင်းငုံ့ထားမိသည်။ ထိုလူသားဟာ သူမကို စေ့စေ့ကြည့်နေတယ်ဆိုတဲ့အသိ‌ကြောင့် စည်းချက်မမှန်တဲ့ရင်ခုန်သံတစ်ချို့က လူကို မူးနောက်နောက်ဖြစ်စေသည်။

တော်ရုံနဲ့စကားမစဖြစ်သေးဘဲ အတန်ကြာမှ သူ့ဆီက သက်ပြင်းယဲ့ယဲ့ကိုကြားရသည်။ ထို့နောက်

" ဟိုတနေ့က... "

" အာ... အဲ့ကိစ္စလား အဆင်ပြေပါတယ် စီအီးအိုရှင့် "

ခပ်သွက်သွက်လေး ထွက်သွားတဲ့စကားသံကြောင့် စီအီးအိုဂျွန်က
သူမကို စူးစိုက်ကြည့်သည်။ မျက်ဝန်းချင်းဆုံသွားတဲ့ခဏမှာ ရင်ထဲ အေးစိမ့်သွားရသည် ။

" ကျွန်တော့်ဘက်က ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာတွေအတွက် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်တောင်းပန်မှုကို လက်ခံပေးပါ "

ဆွေးရိပ်သန်းနေတဲ့ သူ့မျက်ဝန်းက ဆုံ‌စည်းနေတဲ့အကြည့်တွေကို အရင်ဖြတ်တောက်သွားတော့ ရင်ထဲ ဆစ်ကနဲ့။

" မဟုတ်တာ အယ်ရင်း နားလည်နိုင်ပါတယ် စီအီးအိုဂျွန် "

" ပြီးတော့.... "

" ... "

" ပြီးတော့ ခြေထောက်သက်သာရဲ့လား "

" ဟင် ... ဪ.... သက်သာပါတယ် ထွေထွေထူးထူး... မရှိ "

ပြောတာမဆုံးသေး ။ ထိုင်နေရာကနေ ရုတ်တရက်ကြီး သူမရှေ့ဒူးတစ်‌ဖက်ချ ထိုင်ကာ စီးထားတဲ့ ဒေါင့်ဖိနပ်ကိုချွတ်ပြီး ပတ်တီးကိုဖြည်နေတဲ့ စီအီးအို ဂျန်ဂျောင်ကုကြောင့် သူမ လန့်ကာ ခြေထောက်ကို ရုန်းသလိုမျိုးဖြစ်သွားတော့ သူက သူမခြေထောက်ကို သူ့ဘက်ပြန်ဆွဲသည်။

Behind The Scene Of Ego【 Season 02 】Where stories live. Discover now