⟨ Unicode Version ⟩
* အတ္တနောက်ကွယ်က မသိရှိခဲ့တဲ့အမှန်တရား *
- ဒုတိယတွဲ -
- အပိုင်း ၁၃ -" ကလေးက သွေးကင်ဆာဖြစ်ဖို့အစပြုနေတာ အဲ့ဒါကြောင့် ကလေးရဲ့အမျိုးအစားနဲ့ ကိုက်ညီမဲ့ ရိုးတွင်းချဉ်ဆီလိုအပ်တယ် ပုံမှန်အတိုင်းဆိုရင် မိဘတွေကနေ အစားထိုးဖို့အဆင်ပြေပေမဲ့ ကြားရသလောက်တော့ ကလေးက မွေးစားထားတာဆိုတော့ သင့်တော်မဲ့သူကို အချိန်ပေးပြီးရှာရလိမ့်မယ် ပြီးတော့ ရိုးသွင်းချဉ်ဆီကိုက်ညီဖို့ဆိုတာ အရမ်းရှားတာမို့လို့ နောက်ကျသွားမှာ စိုးရိမ်တယ် အဲ့ဒါကြောင့် မွေးစားထားပေမဲ့လဲ မိဘအရင်းတွေကိုသိရင် အလှူခံပေးလို့ရပါတယ် "
ကွတ်ကီးကို တာဝန်ယူထားတဲ့ဆရာဝန်ရဲ့စကားက နားထဲပြန်ကြားယောင်ရင်း အရှေ့က ကွတ်ကီးနဲ့စကားထိုင်ပြောပြီး အတူတူဆော့ပေးနေတဲ့ အယ်ရင်းကိုကြည့်လိုက်မိသည်။ အယ်ရင်းကတော့ အေးချမ်းစွာ ကွတ်ကီးလေးနဲ့ဆော့နေဆဲ...။
ကွတ်ကီးလေးကို သူမသားအရင်းမှန်းသာ သိရင် ဘယ်လောက်တောင်ပျော်ရွှင်နေလိမ့်မလဲ ... ဖွင့်ပြောလိုက်ချင်နေပေမဲ့ အခုအခြေအနေနဲ့မဖြစ်နိုင်သေး။ ဖွင့်ပြောမှ မှတ်မိတာထက် သူမဟာ သူမ မှတ်မိတာက ပိုအဆင်ပြေပါလိမ့်မည်။ အတိတ်ကို နာကျဉ်းလို့မေ့ထားတဲ့သူတစ်ယောက်ရဲ့မှတ်ဉာဏ်ကို သူကထိုးဆွနေဖို့မသင့်။
" ဟင်း.. မာမီ.. "
ရုတ်တရက် အခန်းတံခါးဝမှာရပ်နေတဲ့သူမကို ကွတ်ကီးလေးက မြင်ပြီး လှမ်းခေါ်တော့သူမပြုံးရင်း အနားကိုလျှောက်သွားလိုက်သည်။
" ဪ.. မမ ရောက်လာပြီလား .."
" အင်း အယ်ရင်း နားရင်နားလိုက်တော့လေ မမ ကွတ်ကီးနဲ့နေပေးမယ် .. "
" ရပါတယ် မမရဲ့ ပြီးတော့... "
အယ်ရင်းပြောလက်စနဲ့ ကွတ်ကီးကို လှမ်းကြည့်ကာ သူမကို ပြန်ကြည့်သည်။ အယ်ရင်းရဲ့အကြည့်တို့က ကွတ်ကီးရဲ့အလှူရှင်ရှာနေတဲ့အကြောင်းကို မေးနေတာမို့ သူမ ပြုံးရင်း သက်ပြင်းချလိုက်မိသည်။ တကယ်ဆို ကွတ်ကီးလေးရဲ့ အခြေအနေသိသိချင်း ဂျွန်းအပါအဝင် သူမကော အယ်ရင်းပါ ကွတ်ကီးကိုလှူဖို့အတွက်အမျိုးအစား စစ်ပြီးသားပင်။ သူမနဲ့ဂျွန်းဆီက မရနိုင်တဲ့အတွက် မိဘတွေထဲကတစ်ယောက်ယောက်နဲ့ ကိုက်ညီမယ်လို့ပြောခဲ့တဲ့စကားကို အယ်ရင်းနဲ့ ကိုက်ညီမယ်လို့ထင်ခဲ့မိသည်။ သို့သော်လဲ ကွတ်ကီးလေးက ဖအေတူသားမို့လားမသိ ဂျောင်ကုဆီမှ အကူအညီက သေချာပေါက်လိုအပ်နေသည်။ ဂျောင်ကုဆီကမှ မရရင် ဆိုးရွားနိုင်ဖွယ်ရှိတဲ့ ကွတ်ကီးရဲ့အခြေအနေ။
YOU ARE READING
Behind The Scene Of Ego【 Season 02 】
Fanfic【COMPLETED】 ဂျွန်ဂျောင်ကု × ကင်ဆိုးဂျင် ◾From 30. 12. 2020 To 30.05.2020 𝗡𝗢𝗧𝗘 : 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐩𝐮𝐫𝐞𝐥𝐲 𝐟𝐢𝐜𝐭𝐢𝐨𝐧𝐚𝐥 𝐚𝐧𝐝 𝐚𝐥𝐥 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫𝐬 𝐚𝐫𝐞 𝐚𝐮𝐭𝐡𝐨𝐫'𝐬 𝐢𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧. 𝐓𝐡𝐞 𝐜𝐨𝐧𝐭𝐞𝐧𝐭 𝐢𝐧...