⟨ Unicode Version ⟩
* အတ္တနောက်ကွယ်ကမသိရှိခဲ့တဲ့အမှန်တရား*
* ဒုတိယအတွဲ*
*အပိုင်း ၁၆*" ဟင်း.. "
ဆေးရုံအခန်းတံခါးရှေ့ သူတုန်လှုပ်စွာရပ်နေမိသည်။ တံခါးလက်ကိုင်ကို လှိုက်မောစွာကြည့်ရင်း ထိုတံခါးလက်ကိုင်ကို သူလှမ်းလိုက်မိသည်။ ဒီလက်ကိုင်ကိုဆွဲဖွင့်ပြီး ဝင်သွားတာနဲ့ ရင်တစ်ခုလုံးပုံအောပြီးချစ်ရတဲ့ဂျင်လေး
နဲ့ သားသားလေးကို တွေ့ရမှာဖြစ်ပေမဲ့ သူ့စိတ်တွေ လှုပ်ရှားနေမိသည်။ ဒီတံခါးကိုဖွင့်ပြီးဝင်သွားရင် သူ့ကမ္ဘာကြီး ပြောင်းလဲသွားမဲ့အပြောင်းအလဲတစ်ခုလို သူခံစားနေမိသည်။မဟုတ်ဘူးဂျောင်ကု ...
မင်း အကောင်းဆုံး လုပ်နိုင်ပါတယ်
ဒီလက်ကိုင်ကိုလှည့်ပြီးဝင်ရအောင်တုန်လှုပ်နေတဲ့ သူ့ကိုယ်သူအားပေးရင်း တံခါးလက်ကိုင်ကို ဖြည်းဖြည်းချင်းလှည့်ကာ အခန်းထဲဝင်တော့ ခြေတစ်လှမ်းချင်းတိုင်းမှာ သူ့အသက်ရှူနှုန်းတွေက မြန်လာသလို ရင်ခုန်သံတို့ကလဲ နားစည်ပေါက်ထွက်မတတ်ကျယ်လောင်လာသည်။ တခြားဘာအသံကိုမှမကြားနိုင်လောက်အောင် သူ့အသက်ရှူသံတို့ကသူ့ကိုစိုးမိုးရင်း အခန်းထဲကိုဝေ့ဝိုက်ကြည့်မိတော့ သူပထမဆုံးမြင်မိတာက လူနာစောင့်ကုတင်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ အယ်ရင်း... မဟုတ်ဘူး သူ့ရဲ့ဂျင်လေး
နောက်ထပ် သူ့အကြည့်တို့က ဒီဘက် လူနာကုတင်ဆီရောက်လေလျှင် ဂျင်ဘက်ကို လှည့်ပြီး အသဲပုံအနီရောင်ခေါင်းနဲ့အရုပ်ကိုဖက်ကာ အိပ်နေတဲ့ သားလေး ကွတ်ကီးကိုတွေ့ရတော့သည်။
သားအမိနှစ်ယောက် ကုတင်နှစ်ခုပေါ်မှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ပြီးအိပ်နေတဲ့ပုံစံလေးက သိပ်ကိုကြည်နူးစရာကောင်းနေသည်မို့ သူဝမ်းသာအားရပြုံးလိုက်မိသည်။
သူထင်ထားတဲ့အခြေအနေထက် ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့အခြေအနေပဲ။
YOU ARE READING
Behind The Scene Of Ego【 Season 02 】
Fanfiction【COMPLETED】 ဂျွန်ဂျောင်ကု × ကင်ဆိုးဂျင် ◾From 30. 12. 2020 To 30.05.2020 𝗡𝗢𝗧𝗘 : 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐩𝐮𝐫𝐞𝐥𝐲 𝐟𝐢𝐜𝐭𝐢𝐨𝐧𝐚𝐥 𝐚𝐧𝐝 𝐚𝐥𝐥 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫𝐬 𝐚𝐫𝐞 𝐚𝐮𝐭𝐡𝐨𝐫'𝐬 𝐢𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧. 𝐓𝐡𝐞 𝐜𝐨𝐧𝐭𝐞𝐧𝐭 𝐢𝐧...