⟨ Unicode Version ⟩
* အတ္တနောက်ကွယ်ကမသိရှိခဲ့တဲ့အမှန်တရား *
* ဒုတိယတွဲ*
*အပိုင်း၁၅*" အလေးအနက်ထားပြီးပြောစရာရှိတယ်ဆိုတော့ ဦးစားပေးပါတယ် ကင်ဂျင်းနီ "
မှာထားတဲ့ကော်ဖီတွေရောက်လာတာတောင် မသောက်ဖြစ်သေးဘဲ မွှေရင်း တိတ်ဆိတ်နေတဲ့စားပွဲဝိုင်းလေးကို သူအသက်သွင်းလိုက်သည်။ သူ့ဘက်က အရင်မေးခွန်းထုတ်ပြီး ကင်ဆိုးဂျင်ဘယ်မှာလဲမေးလိုက်ချင်ပေမဲ့ လက်ရှိ သူ့ဦးနှောက်တွေက ထူပူလွန်းနေသည်။ ထို့ကြောင့် ဗရမ်းဗတာတွေ ထွက်မှာစိုးလို့ အရင်ခေါ်တဲ့ သူမကို ဦးစားပေးလိုက်ရင်း သူမကို သေချာစစ်ဆေးကြည့်နေမိသည်။
ဟုတ်တာပေါ့
အဲ့ဒီ့မျက်ဝန်းတွေက စိမ်းသက်တယ်လို့ခံစားနေရတာ သူ့ရဲ့ဂျင်မှ မဟုတ်ခဲ့လို့ပေါ့
အဲ့နှုတ်ခမ်းပါးတွေက သူ့ကိုရင်ခုန်အောင်မလုပ်နိုင်တာ သူ့ရဲ့ဂျင်မဟုတ်ခဲ့လို့ပေါ့
" ဂျွန်ဂျောင်ကု... တကယ်တော့ ကျွန်မ ပြောစရာရှိတာထက် တောင်းဆိုစရာရှိတယ် မဟုတ်သေးဘူး.... အကူအညီတောင်းမယ်လို့ပြောရင် လက်ခံပေးနိုင်မလား "
ဖျော့တာ့စွာပြောလာတဲ့ သူမနှုတ်ခမ်းပါးနဲ့ မျက်ဝန်းတွေက အရေးကြီးကြောင်း ဖော်ပြနေသည်.။
" ကိုယ် ကူညီဖို့တက်နိုင်တယ်ဆိုရင် ကူညီပေးမယ်လေ ဒါပေမဲ့ အပေးအယူနဲ့ပေါ့ "
" ဟင်း... "
သူမရဲ့သက်ပြင်းချသံက သူ့ရဲ့စိုးရိမ်စိတ်ကို မသိမသာမြှင့်တင်ပေးလိုက်သလိုပင်။
" ကွတ်ကီး.. "
" ဟင် "
ကွတ်ကီးဆိုတာနဲ့ သူ့စိတ်ဝင်စားမှုတွေက သူမနှုတ်ခမ်းဖျားက ထွက်လာမဲ့ အသံကိုသာရှေးရှုမိသည်။
" ကွတ်ကီးကလေ သွေးကင်ဆာအစပြုနေတာ အဲ့ဒါကြောင့် ရိုးတွင်းချဉ်ဆီအစားထိုးကုသမှ ပျောက်မှာတဲ့ ခက်တာက ဘယ်သူမှ မကိုက်ညီကြဘူးလေ.. ရှင်ကသာ တစ်ဦးတည်းသောသူမို့လို့ ကူညီပေးပါလို့တောင်းဆိုပါရစေ... ရှင်သာကူညီပေးရင် ကျွန်မ ဘာပဲဖြစ်ဖြစ် ပြန်လုပ်ပေးနိုင်ပါတယ် "
YOU ARE READING
Behind The Scene Of Ego【 Season 02 】
Fanfiction【COMPLETED】 ဂျွန်ဂျောင်ကု × ကင်ဆိုးဂျင် ◾From 30. 12. 2020 To 30.05.2020 𝗡𝗢𝗧𝗘 : 𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐩𝐮𝐫𝐞𝐥𝐲 𝐟𝐢𝐜𝐭𝐢𝐨𝐧𝐚𝐥 𝐚𝐧𝐝 𝐚𝐥𝐥 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫𝐬 𝐚𝐫𝐞 𝐚𝐮𝐭𝐡𝐨𝐫'𝐬 𝐢𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧. 𝐓𝐡𝐞 𝐜𝐨𝐧𝐭𝐞𝐧𝐭 𝐢𝐧...