Episode 14

3.1K 368 41
                                    

⟨ Unicode Version ⟩

- အတ္တနောက်ကွယ်က မသိရှိခဲ့တဲ့ အမှန်တရား -
*ဒုတိယတွဲ*
*အပိုင်း ၁၄*


" စီအီးအိုဂျွန်! စီအီးအို စုံစမ်းခိုင်းထားတဲ့ အချက်အလက်တွေရပါပြီ "

အတွင်းရေးမှူးချွန်းဆီမှ ကမ်းပေးလာတဲ့ ဖိုင်တွဲကြီးကို ဟုတ်ပြီဆိုတဲ့သဘောနဲ့ သူလှမ်းယူလိုက်သည်။

" စီအီးအို အဖွဲ့ခေါင်းဆောင်က တစ်ယောက်တည်းကြည့်ပါလို့မှာခဲ့တယ် စီအီးအိုဂျွန် ပြီးတော့ မကြည့်ခင်မှာလဲ စိတ်အေးအေးထားဖို့မှာခဲ့ပါတယ် "

" အင်း မင်း ဒီနေ့နားလို့ရပြီ "

" ဟုတ်ကဲ့ "

ထို့နောက်ရိုရိုကျို့ကျို့လေးပြန်ထွက်သွားတဲ့ အတွင်းရေးမှူးချွန်း ။

တကယ်တော့ သူနဲ့ နမ်ဂျွန်းနဲ့ပေါင်းကာ ဆိုးဂျင်အကြောင်း စုံစမ်းနေတာဖြစ်သည်။  ဆိုးဂျင်ကို ဂန်ဆိုဝူးနဲ့ ခြိမ်းခြောက်နေတဲ့သူဟာ သူလို့ နမ်ဂျွန်းက အထင်လွဲနေတာဖြစ်‌ပေမဲ့ နှစ်ယောက်လုံး ပြသနာမဖြစ်ဘဲ အေးအေးဆေးဆေး စကားပြောပြီးကြတဲ့နောက်မှာတော့ သိလိုက်ရတာက ဆိုးဂျင်နဲ့ဂန်ဆိုဝူးကြားမှာ သူတို့နှစ်ယောက်လုံး မသိတဲ့လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာ။

အဲ့ဒီ့နေ့က ဆေးရုံကဆိုင်အတွင်း စကားပြောဖြစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်။

" ဘာလို့ ဆိုးဂျင်ကို အဲ့လိုလုပ်တာလဲ ဂန်ဆိုဝူးကို မင်းမချုပ်ကိုင်ရင် ဘယ်သူက ချုပ်ကိုင်မှာလဲ လွန်ခဲ့တဲ့ ငါးနှစ်တုန်းကလဲ ဂျင့်ကို ဖျက်ဆီးဖို့အတွက် မင်း ခိုင်းရဲသေးတာပဲ  အခုတခါရော မင်း မလုပ်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ "

" မင်းမှားနေပြီ ကင်နမ်ဂျွန်း ဂန်ဆိုဝူးနဲ့ငါက အထက်တန်းကတည်းက မတည့်လာတဲ့ကောင်တွေ ငါကလဲ သူ့ကိုမချုပ်ကိုင်နိုင်သလို သူကလဲ ငါ့ကိုမချုပ်ကိုင်နိုင်ဘူး ပြီးတော့ မင်းပြောပြောနေတဲ့ လွန်ခဲ့တဲ့ငါးနှစ်က ငါက ဖျက်ဆီးခိုင်းတာ!!
မဖြစ်နိုင်တာတွေ... ငါက ငါချစ်တဲ့သူ‌ကို ဘာလို့အဲ့ဒီလို လုပ်ရမှာလဲ မင်းနဲ့တွဲပြီးမြင်ရင်တောင် ငါ မင်းကို သတ်ချင်နေတာ မင်းသာ ဆိုးဂျင်နဲ့ ကလပ်မှာ... "

Behind The Scene Of Ego【 Season 02 】Where stories live. Discover now