Episode 11

3.1K 352 72
                                    

⟨ Unicode Version ⟩

အတ္တနောက်ကွယ်က မသိရှိခဲ့တဲ့အမှန်တရား
- ဒုတိယတွဲ-
* အပိုင်း ၁၁*



မနက်ခင်းနေရောင်ခြည်ဖြာကျလာပြီဆိုရင်ဖြင့် ကုတင်ပေါ်မှာ အေးချမ်းစွာအိပ်စက်နေတဲ့ လူသားသုံးယောက်ထဲမှ အရင် လူးလွန့်လာသူက အယ်ရင်း။

ထသင့်ပြီ ဆိုတဲ့အသိကလှုံ့ဆော်လာလေတော့ မျက်ဝန်းလေးတွေမပွင့်တပွင့်နဲ့ ပုံမှန်ဖြတ်သန်းနေကျမနက်ခင်းအတိုင်း အိပ်ရာပေါ်မှ ထဖို့ကြိုးစားမိသည်။ ရုတ်တရက် ခါးပေါ်က တောင့်တင်းကျစ်လစ်နေတဲ့ ခပ်နွေးနွေးအရာကြောင့် မပွင့်တပွင့်မျက်ဝန်းလေးတွေက ပြူးကျယ်သွားရသည်။ သူမဦးနှောက်ကို အလျင်အမြန် အလုပ်ပေးမိလိုက်တော့ ညက အဖြစ်အပျက်တွေ တရေးရေးမှတ်မိလာသည်။

ဘုရားရေ!!! ညက စီအီးအိုဂျန်နဲ့ နမ်းပြီး သူမ အိပ်ပျော်သွားခဲ့တာပဲ တညလုံး ဒီအတိုင်းနေခဲ့တာလား မဖြစ်‌သေးဘူး မြန်မြန်ထရမယ် စီအီးအိုဂျန် နိုးသွားလို့ကတော့ ရှက်စရာ‌ေတွဖြစ်ကုန်တော့မှာ ...

မျက်နှာပူစွာ ‌တွေးရင်း ‌ဘေးနားကိုလှည့်ကြည့်တော့ စီအီးအိုဂျန်က သူမဘက်ကို မျက်နှာမူကာ အေးချမ်းစွာအိပ်စက်နေသည်။ နီးကပ်လွန်းတဲ့အနေအထားကြောင့် ချစ်ရသူရဲ့ချောမောမှုအစိတ်အပိုင်းတွေကြား သူမတခဏတာ စီးမျောနစ်ဝင်သွားမိသည်။တမေ့တမောကြည့်‌နေရင်း မျက်ခွံမို့မို့တွေက လှုပ်ရှားလာတော့မှ အသိပြန်ဝင်ကာ သူမ ထိတ်လန့်စွာ ထလိုက်မိသည်။သို့သော်လဲ
သူမခါးထက်ကျရောက်နေတဲ့ အကြောစိမ်းစိမ်းတွေထင်းနေတဲ့ လက်တစ်စုံက သူမကို ထခွင့်မပြု။

ထို့ကြောင့် သူ့မျက်နှာကို သူမ ဆတ်ခနဲ့ ပြန်‌မော့ကြည်‌့‌တော့ သူမကိုစိုက်ကြည့်နေတဲ့ ရီဝေဝေမျက်ဝန်းနဲ့ဆုံသည်။ စက္ကန့်ပိုင်းလောက်ကြာအောင် တစ်ယောက်မျက်ဝန်းကိုတစ်ယောက် မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်မိတော့ ရင်ဘတ်ထဲက ဒိတ်ခနဲ့အချက်ပေးသည်။ စည်းချက်မညီတဲ့သံစဉ်တွေကို ဆက်တိုက်ဖော်ကျူး‌နေတဲ့ ရင်ဘတ်ကြောင့် မျက်နှာတစ်ခုလုံး ပူစပ်ပူလောင်ဖြစ်လာကာ ရှက်ရွံ့သလိုပြုံးရင်း သူမခါးထက်ရှိနေတဲ့ စီအီးအိုရဲ့လက်ကို သူမလက်နှစ်ဖက်နဲ့ကိုင်ပြီး ခွာချဖို့လုပ်တော့သည်။

Behind The Scene Of Ego【 Season 02 】Where stories live. Discover now