Zawgyi
" ဟေး .. အလုပ်ရှုပ်နေလား ... "
နောက်ကျောကနေ ရုတ်တရက်လှန့်လိုက်တဲ့ ကျိုးချန်ကြောင့် .. အယောင်ယောင်အမှားမှားနဲ့ ကြည့်လက်စဓါတ်ပုံလေးကို ရင်ဘတ်ဆီ ကပ်လိုက်မိသည် ... ။
ပြီးမှ ...
" နိုး .. ဒီနေ့တော့ အလုပ်ကပြန်လာတာ စောလှချည်လား .. "
" စောဆို .. မနက်ဖြန် အမိမြေကိုပြန်တော့မယ့် ကိုယ့်ခရက်ရှ်ကို ညစာကောင်းကောင်းနဲ့ဧည့်ခံချင်လို့ အလုပ်မှာ ခွင့်တောင်းခဲ့တာလေ ... ''
အလုပ်ကအပြန် မားကတ်တစ်ခုခုကို ဝင်လာခဲ့ဟန်ရှိပြီး .. ရင်ခွင်ထဲမှာပွေ့ထားတဲ့ ဟင်းချက်စရာအိတ်တွေ ဘူးတွေကို သူ့ရှေ့တိုးပေးရင်း ပြောနေတာမို့  ..
" အိုင်းယား .. ပြန်ချင်စိတ်ပျောက်သွားအောင် အစားအသောက်နဲ့ ဆွဲဆောင်မယ်ပေါ့ .. ဒီလိုလား .. "
" တားလဲ မရမကဇွတ်ပြန်မှာမှန်း မသိရှာဘူးကိုး .. ဒီလောင်ဇီက .. "
ကျိုးချန်က နှုတ်ခမ်းတစ်တောင်ထော်ပြီး .. သူ့ရင်ခွင်ထဲ တိုးဝင်လာတော့ အလိုက်သင့်ပဲပွေ့ဖက် ပေးလိုက်သည် .. ၊၊
နောက် .. နဖူးပေါ် အခွေလိုက်ကလေးကျနေတဲ့ ဆံစတွေကို အသာသပ်တင်ပေးရင်း .." ဖြစ်နိုင်မယ်ဆိုရင် မင်းကိုပါ အပါခေါ်သွားချင်တာ .. မင်းမှသဘောမတူဘဲ ... "
" ဟမ့် .. ထားပါတော့ ..
အမိမြေကိုပြန်ရောက်ရင်သာ ကျွန်တော့်ကို မေ့မသွားနဲ့ .. "" စိတ်ချ .. လုံးဝသေချာတယ် .. အမြဲတမ်းပူညံပူညံလုပ်တတ်တာရော .. မင်းချက်ကျွေးတဲ့ ဟင်းတွေကိုရော .. အကုန်လုံးကို အမြဲသတိရနေတော့မှာ .. "
" အပြောကတော့ ကျေနပ်စရာပဲ .. ဒါထက် .. "
" ဒါထက် .. ဘာဖြစ်သလဲ .. "
ကျိုးချန်က သူ့လက်ထဲက ရုန်းထွက်လိုက်ရင်း ..
" ဂျပန်ကိုရော ပြန်လာဖို့စိတ်ကူးရှိရဲ့လား .. "
" စိတ်ကူးတော့ရှိပေမဲ့ ပြန်မလာဖြစ်လောက်တော့ဘူး ထင်တာပဲ .. လာစရာအကြောင်းမှ မရှိတော့တာ .. "
" လာစရာအကြောင်းမရှိလဲ အလည်သဘောမျိုးပဲဖြစ်ဖြစ် .. တစ်ခေါက်လောက်တော့ ပြန်လာခဲ့ဦး .. "
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...