Ep - 39 : သူတို့​ပြောတဲ့ ယုန်​ညို​လေးရဲ့ ရာဇဝင်

4K 410 17
                                    


Zawgyi


ရှန်​ဟိုင်း ပြန်​​ရောက်​​ရောက်​ချင်း ယွီပင်းက ဆိုင်းမဆင့်​ဗုံမဆင့်​ ပန်းချီပြပွဲနဲ့အတူ ​လေလံဆွဲပွဲကိုပါ ကျင်းပတယ်​ .. ။ အ​ပျော်​တမ်းစီးပွား​ရေးအ​နေနဲ့ ဖွင့်​ထားဖြစ်​ခဲ့တဲ့ ပန်းချီပြခန်း​တွေက ဒီလိုအသုံးဝင်​တဲ့အချိန်​လဲ ရှိလာ​ပါ​သေးလားလို့ ​တွေးမိ​တော့ ဉာဏ်​​ပြေးလွန်းတဲ့ ကိုယ့်​ကိုယ်​ကိုပဲ ချီးမွမ်းမိရတယ်​ .. ။

ကျိုးချန်​​ပြောတဲ့အတိုင်း golden brain နဲ့ ​တော်​လွန်းတဲ့ ငါပါလား .. ဆိုပြီး​တော့​ပေါ့ .. ။


ဝမ်​ရိ​ပေါ်နဲ့ မ​တွေ့ဖြစ်​​တော့တဲ့အချိန်​​တွေမှာ ကျန့်​ကျန့်​က အချိန်​ပြည့်​ အခန်းတွင်း​အောင်းပြီး ပန်းချီကား​တွေပဲ စိတ်​ရှိတိုင်းဆွဲ​နေခဲ့တာဆို​တော့ .. ပန်းချီကားနှစ်​ချပ်​​လောက်​ အရင်းအနှီး ပြုလိုက်​ဖို့ဆိုတာ တကယ့်​ကို လွယ်​ကူလွန်းတဲ့ကိစ္စ .. ။

ကျန့်​ကျန့်​ဆွဲခဲ့တဲ့ပန်းချီကား​တွေထဲက သင့်​ရာပန်းချီကားနှစ်​ချပ်​ကို ​ရွေးထုတ်​လိုက်​တယ်​ .. ။ များစွာ​သော ပန်းချီကားချပ်​​တွေထဲက .. ပန်းချီအ​ကြောင်း နားမလည်​တဲ့သူ​တောင်​ လွမ်းသလိုလို​ဆွေးသလိုလို ဘာမှန်းမသိတဲ့ ခံစားချက်​မျိုး ခံစားရ​စေတဲ့ ပန်းချီကားနှစ်​ချပ်​​ပေါ့ .. ။

ပန်း​ဖျော့​ရောင်​ ​သေးနုပ်နုပ်​​ပန်းပွင့်​​တွေနဲ့ တစ်​ပွင့်​တည်း​သော ဖြူလွလွ ဂန္ဓမာပန်းပွင့်​ငယ်​​လေးပုံ ပန်းချီကားချပ်​နှစ်​ချပ်​ .. ။ ပန်းချီပြခန်းရဲ့အဆုံးသတ်​ အပြာ​ဖျော့​ရောင်​ မီးမှိန်​မှိန်​​လေးလင်းတဲ့​နေရာမှာ ချိတ်​ဆွဲထားလိုက်​​တော့ ခံစားချက်​​တွေ​တောင်​ ​အေးစက်​လို့ .. ။

အကုန်​လုံး ​သေချာပြင်​ဆင်​ပြီးတဲ့​နောက်​​မှာ​တော့ ဝမ်​ရိ​ပေါ်ကို ဆက်​သွယ်​ရတယ်​ .. ။ သူနဲ့ လုံးဝမပတ်​သက်​​တော့ဖို့ ဆုံးဖြတ်​ထားဟန်​ရှိတဲ့ ဝမ်​ရိ​ပေါ်က သူ့ဖုန်းကိုလဲ မကိုင်​သလို .. သူပို့သမျှ ​မေးလ်​​တွေကိုလဲ တစ်​​စောင်​မှ ဖွင့်​မဖတ်​ခဲ့ဘူး .. ။ ​နောက်​ဆုံး​သော ​မျှော်​လင့်​ချက်​အ​နေနဲ့ ပန်းချီ​ကား​လေလံဆွဲပွဲ ဖိတ်​စာနဲ့အတူ စာတစ်​​စောင်​​ရေးပို့ဖို့ ပြင်​ရတယ်​ .. ။ ဝမ်​ရိ​ပေါ်ဘက်​က လုံးဝမငြင်းဆိုနိုင်​​ဖို့အတွက်​ကို​တော့ စာထဲက အ​ကြောင်းအရာက စွမ်း​ဆောင်​နိုင်​မယ်​ထင်​ပါရဲ့ .. ။

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Où les histoires vivent. Découvrez maintenant