Zawgyi
ကိုယ့်ကိုယ်ကို လူရောစိတ်ပါ ပြင်ဆင်ပြီး အောက်ထပ်ဆီ ဆင်းလာတော့ .. ဧည့်ခန်းမှာ အခန့်သား ထိုင်စောင့်နေပြီဖြစ်တဲ့ ကောနဲ့ မျက်လုံးချင်းဆုံရဲ့ .. ၊၊
" ကော .. မောင့်ဆီပြန်လာတယ် .. "
" ... "
ပကတိတည်ငြိမ်အေးစက်နေဆဲ မျက်ဝန်းညိုတွေကတဆင့် သူ့စကား မှားသွားပြီမှန်းသိရတယ် .. ၊၊
ဘာတစ်ခွန်းမှ ပြန်ဖြေမလာတဲ့ကောက မျက်ခုံးတစ်ချက်ပင့်ပြလို့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်စေတယ် .. ၊၊
အခုမှ သတိထားမိတယ် .. ၊၊
ကောက သူ့ဆီကို တစ်ယောက်ထဲလာတာ မဟုတ်ဘူးပဲ .. ၊၊ ကောဘေးမှာ ယွီလေးဆိုသူနဲ့ နောက်တစ်ယောက်က သူလဲသိတဲ့ ရှေ့နေကျိုးပါ ပါလာတာ .. ၊၊ ဖွားကတော့ ယွီလေးနဲ့ကောကြား အတင်းတိုးဝင်လို့ ကောအနားသာ အသေကပ်နေတော့တာပါပဲ ... ၊၊
ဘယ်ကစလို့် ဘယ်သူကဘယ်လို စကားစရမှန်းမသိ ဖြစ်နေတဲ့အခြေအနေမှာ .. ဦးလေးဝမ်က ဧည့်သည်တွေအတွက် သစ်သီးဖျော်ရည် လာချပေးတယ် .. ၊၊
နောက်တော့ ရှေ့နေကျိုးကပဲ တောင်းပန်ရင်းနဲ့ စကားစပါတယ် .. ၊၊
" ဒီလိုဖြစ်သွားရတာ ကျွန်တော့်အမှားလဲ မကင်းပါဘူး .. တကယ်ဆို ကျွန်တော်က ပိုဂရုစိုက်ပြီး ခေါ်လာခဲ့ပေးရမှာကို .. မန်နေးဂျင်းဝမ်ကို တကယ်ပဲ မျက်နှာမပြ၀ံ့ပါဘူး .. အခုတော့ အားနာစရာတွေ ဖြစ်ရပြီ .. "
" မဟုတ်တာပဲ ..
အခြေအနေကိုက ဒီလိုဖန်တီးလာမှတော့ ဘာတက်နိုင်ဦးမှာလဲ .. ရှေ့နေကျိုးအပြစ် မဟုတ်ပါဘူး .. "" ... "
သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းသိပေမယ့် ကောနဲ့ရှေ့နေကျိုးတို့ ဘာကိုဆိုလိုချင်မှန်း အခုထိ စဉ်းစားလို့မရ .. ၊၊
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...