Zawgyi
" အ .. "
အင်္ကျီဒီဇိုင်းဆွဲနေရင်း လက်က မခံမရပ်နိုင်အောင်အရမ်းနာလာရဲ့ .. ၊၊
ဆွဲလက်စဒီဇိုင်းပုံကိုရပ်ပြီး မနက်က စွပ်ပြုတ်ပူလောင်ထားတဲ့ လက်ကလေးကို ကြည့်လိုက်တော့ နီရဲရောင်ယမ်းလို့ .. ၊၊
လက်ဖဝါး ပန်းကန်ကွဲစ စူးထားတဲ့နေရာကလဲ
တဆစ်ဆစ် ကိုက်နေပြန်သေးသည် .. ၊၊" ဟင်း .. နှစ်လတဲ့ ..
ခုမှတစ်ပတ်တောင် မပြည့်သေးဘူး ..
အချိန်တွေ ဘယ်တုန်းက ဒီလောက်ကြာသွားတာလဲ"" ... "
ရှောင်းကျန့် တစ်ယောက်ထဲ ညည်းညည်းညူညူပြောရင်း အိမ်ရှေ့က ကားဟွန်းသံကြောင့် .. ရိပေါ်ကိုကြိုဖို့ အခန်းထဲက ထွက်ခဲ့လိုက်သည် .. ၊၊
" ဒါက ဘယ်လဲ .. "
လှေကားဦးမှ ဆီးကြိုရင်း မေးလာသူကြောင့် လှမ်းလက်စခြေလှမ်းတွေ ရပ်တန့်သွားရသည် .. ၊၊
" မောင့်ကို သွားကြိုမလို့ .. "
" .. မောင် ? "
" ရိပေါ်ကို .. "
ဇန်းကျင်က လက်နှစ်ဖက်ကို ခပ်တင်းတင်းပိုက်ရင်း ..
" မလိုဘူး .. အခု ကိုယ့်အခန်းကိုယ်ပြန်လိုက် .. "" ဟို .."
" ကျစ် .. ဟိုတွေ ဒီတွေ လုပ်မနေစမ်းနဲ့ ..
ဝမ်ရိပေါ်ပြန်လာတာကို ထွက်ကြိုရအောင် ခင်ဗျားက သူ့မယားလား ... "" ... "
" ကြိုချင်းကြို ၀မ်ရိပေါ်နဲ့စေ့စပ်မယ့် ကျွန်တော်ကပဲ ကြိုမယ် .. ခင်ဗျား ဘယ်တော့မှ ထွက်ကြိုစရာမလိုဘူး .. ခေါင်းထဲမှာမြဲမြဲမှတ်ထား ..
ကျွန်တော်က ၀မ်ရိပေါ်နဲ့ လောလောဆယ်မှာ မသက်ဆိုင်သေးပေမယ့် တစ်ချိန်ဆိုင်လာမယ့်သူ ..
ကိုယ့်နေရာကိုယ်သိဖို့အထိ လိုက်သင်ပေးနေရဦးမလား .. ဦးနှောက်မပါဘူးလား ခင်ဗျား .. "" ... "
" အခုထိ အခန်းထဲ ပြန်မ၀င်သေးဘူးပေါ့ ..
မောင်တော်ဝမ်ရိပေါ်ဆီ မျက်ရည်ခံထိုးချင်သေးတဲ့ သဘောလား .. ခင်ဗျားမှာ နည်းနည်းလေးတောင် ယောက်ျားမာနမရှိဘူးလား .. "
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...