Zawgyi
" ခွမ်းး .. "
ဇန်းကျင်က လက်ကို စွပ်ပြုတ်ပန်းကန်ထဲဇွတ်နှစ် .. Rain ကလဲ ပူတော့အတင်းရုန်းနဲ့ .. ကြာတော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး စွပ်ပြုတ်ပန်းကန်လုံးလေးက ကြားထဲက ကျကွဲသွားတော့သည် .. ၊၊
ကြွေထည်အကွဲစများက ကြမ်းပြင်ပေါ်မှာ ဟိုတစ်စဒီတစ်စ ပြန့်ကြဲသွားပြီး .. စွပ်ပြုတ်ရည်ပူပူတွေကတော့ Rain ရဲ့ ခြေဖမိုး ဖြူဖြူလေးထက် အညှာအတာကင်းစွာ ဖိတ်စင်ကျသည် ၊၊
" ကောက်သိမ်းလိုက် .. "
" ဟင် ! "
" ပန်းကန်ကွဲစတွေကို ကောက်သိမ်းလိုက်လို့ပြောနေတာ နားမလည်ဘူးလား .. ဒါမှမဟုတ် ကန်းနေတာလား .. "
Rain .. အပူလောင်ပြီးနီရဲနေတဲ့ လက်ကလေးကို ကျန်လက်တစ်ဖက်နဲ့ အသာဆုပ်ရင်း .. ဇန်းကျင်ကို အံဩကြီးစွာသာ ငေးကြည့်မိတော့သည် .. ၊၊
" ဘာဖြစ်လို့လဲ .. ကျွန်တော်တို့ကြားမှာ အခုလို လုပ်ရတဲ့အထိ ဘာအကြောင်းအရင်းများရှိနေလို့ .. "
" ကျွန်တော်က ၀မ်ရိပေါ်နဲ့ စေ့စပ်မယ့်သူဆိုတာ ခင်ဗျားမေ့နေတာလား .. စာချုပ်အကြောင်း ဘာမှမသိပါဘူးလို့တော့ မငြင်းနဲ့နော် .. "
" အဲ့ဒီစာချုပ်က .. နှစ်လပြည့်လို့ မောင့်ဘက်က စေ့စပ်ပွဲကိုလက်မခံရင် ဖျက်သိမ်းလို့ရတယ် .. "
ဇန်းကျင်က မျက်နှာကို ခပ်ချီချီလေးမော့ထားပြီးဆိုတော့ Rain က ချက်ချင်းငြင်းချက်ထုတ်သည် .. ၊၊
စေ့စပ်ပွဲနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းကိစ္စ အသေးစိတ်ကအစ ရိပေါ်က သူ့ကို ရှင်းပြထားခဲ့သည်ပဲ .. ၊၊
" ဟုတ်လား .. ကျွန်တော့်ဘက်က စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သဘောမတူရင် ၀မ်ရိပေါ်လဲ ဘာမှတတ်နိုင်မှာမဟုတ်တဲ့အကြောင်းကိုရော သိမထားဘူးလား ..
ဒီမှာ ရှောင်းကျန့် .. ၀မ်ရိပေါ်နဲ့ စေ့စပ်မယ် မစေ့စပ်ဘူးဆိုတာ ကျွန်တော့်လက်ထဲမှာပဲရှိတယ် .. အဲ့ဒီ့တော့ သိပ်ပြီးအပျော်လွန်မနေနဲ့ .. စောက်လုံးတွေနောက်တယ် .. "
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...