Zawgyi
လူတစ်ယောက်ဟာ ဘယ်လောက်ထိ ပြိုလဲနိုင်သလဲ .. ၊၊
အဆုံးစွန်ထိ .. ဟိုးအဆုံးစွန်ထိ .. ဟိုးအဆုံးစွန်ရဲ့ အဆုံးစွန်ထိ .. ၊၊
အဲ့ဒီ့ထက် ပိုပါတယ် .. ၊၊
မင်းနှလုံးသားထဲ တစ်စုံတစ်ယောက်က နေရာယူထားနေသေးသရွေ့ မင်းဟာ အဆုံးစွန်ဆုံးဆိုတာထက်ပိုပြီး ပြိုလဲနေဦးမှာ .. ဖြိုလှဲခံနေရဦးမှာ .. ၊၊သိပ်ကိုလှပလွန်းတဲ့ ချစ်ခြင်းတရားရဲ့နွံတွေပဲပေါ့ .. ၊၊
လှလှပပကြီးနစ်မြှုပ်ရင်းပဲ ကျေကျေနပ်နပ်ကြီး အဆုံးသတ်ရတယ် .. ၊၊
________________________
ဒီရက်တွေအတွင်း ဆိုရှယ်မီဒီယာတွေရဲ့ ထိပ်ဆုံးမှာရပ်တည်နေရုံမက လူတိုင်းရဲ့နှုတ်ဖျားမှာပါ ရေပန်းစားနေတဲ့ စကားလုံးကတော့ ..
ကော ..
မောင် စီးကရက်တွေ မသောက်တော့ဘူး .. တဲ့ .. ၊၊လူငယ်လေးတွေက သူတို့ရဲ့ ချစ်သူကောင်မလေးတွေအတွက် စီးကရက်ဖြတ်ကြတယ် .. ၊၊ ပြီးရင်တော့ ၀မ်ရိပေါ်က သူတို့ရဲ့ Idol ဖြစ်ကြောင်း .. သူတို့ အခုလို စီးကရက်ဖြတ်တာဟာ သူတို့ကောင်မလေးတွေအတွက် ငါးဆယ်ရာခိုင်နှုန်းဖြစ်ပြီး ကျန်ငါးဆယ်ရာခိုင်နှုန်းကတော့ Idol ရဲ့ စကားအပေါ် သူတို့ရဲ့အလေးထားမှုကို ပြလို၍ဖြစ်ကြောင်း .. နောက် တခြားဖွဲ့ဖွဲ့နွဲ့နွဲ့တွေနဲ့ပါ စာအရှည်ကြီး ရေးတင်ကြတယ် .. ၊၊ weibo twitter အစရှိတဲ့ ဆိုရှယ်မီဒီယာတိုင်းမှာ I quit smoking because of my Idol လိုမျိုး hashtag တွေနဲ့ ပြည့်လို့ချည်းပဲ .. ၊၊
တချို့အနုပညာရှင်တွေကတောင် ရိပေါ်အကြောင်း စစနောက်နောက်နဲ့ ပြောဆိုကြသေးတာ .. ၊၊
ဒီလူငယ်လေးက သူတို့လိုတောင် အပင်ပန်းခံပြီး သရုပ်ဆောင်ပြနေစရာ မလိုဘူးတဲ့ .. ၊၊ သူ့တို့အနေနဲ့ စကားလုံးလေးတစ်လုံး ပရိသတ်ရင်ထဲရောက်ဖို့အတွက် ဇာတ်ဝင်ခန်းတစ်ခုလုံးကောင်းဖို့ အပြင်းအထန် ထပ်ခါတလဲလဲ ကြိုးစားနေချိန်မှာ ၀မ်ရိပေါ်ကတော့ ဘာရယ်မဟုတ် ဒီအတိုင်းလေးထပြောလိုက်တဲ့ စကားတစ်ခွန်းကတင် လူတိုင်းရင်ထဲ တန်းခနဲ ရောက်တဲ့အထိ ပါရမီထူးတယ်တဲ့ .. ၊၊ ခနဲ့တဲ့တဲ့လေသံလေး နည်းနည်းပါပေမယ့် ရိပေါ်ကတော့ ဂရုမစိုက်ပါဘူး .. ၊၊ သူဂရုစိုက်တာ သူရည်ရွယ်တဲ့သူဆီ ဒီစကားလေး ရောက်နိုင်ဖို့ပဲ .. ၊၊
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...