Extra 2 : ​ပျော်​ရွှင်​စရာအဆုံးသတ်​ဆိုတာ တကယ်​ရှိပါတယ်「ပျော်ရွှင်စရာအဆုံးသတ်ဆိုတ

6.7K 510 95
                                    


Zawgyi













ကာလရှည်​ ခွဲခွာခဲ့မိတဲ့ အိမ်​ဝန်း​လေးဆီ ​မောင်​နဲ့အတူ ပြန်​​ရောက်​လာခဲ့တဲ့တိုင်​​ပေါ့ .. ။

ခြံတံခါးလာဖွင့်​​ပေးရင်း အပြုံးချို​တွေနဲ့ ဆီးကြိုလင့်​မယ့်​ အိမ်​​တော်​ထိန်း ဦး​လေးဝမ်​နဲ့ .. Rain ကို ပါးစပ်​ကမချတမ်း​ခေါ်တဲ့အထိ တွယ်​တာခဲ့ရှာတဲ့ ဖွားက​တော့ ရှိမ​နေခဲ့​တော့ဘူး .. ။

ဖွားနဲ့အတူ ခူးယူခဲ့ဖူးတဲ့ နှင်းဆီခင်းငယ်​က အခုများ​တော့ ငွားငွားစွင့်​စွင့်​နဲ့ ပန်းခင်းကျယ်ြ​ကီးကိုဖြစ်​လို့ .. ။ သူတို့ကို ပြုံး​ပျော်​ရွှင်​စွာ ခူးယူမယ့်​သူက​တော့ ​အေးချမ်းစွာ အနားယူသွားခဲ့ပါပြီတဲ့ .. ။

သူ​နေထိုင်​ခဲ့ဖူးတဲ့ အခန်းငယ်​ဟာ .. သူထွက်​ခွာသွားခဲ့ချိန်​နဲ့မခြား အရာမယွင်းစွာ တည်​ရှိတယ်​ .. ။ ပန်းချီကားချပ်​​တွေကို​ ယူကြည့်​ထားမိ​ကြောင်း​ကို​တော့ .. ​မောင်​က ​စောစီးစွာကတည်းက ဝန်​ခံခဲ့ပြီးသားပဲ ဖြစ်​ပါတယ်​ .. ။

အရာအားလုံးဟာ ​ပြောင်းလဲသွားခဲ့တဲ့တိုင်​ .. မ​ပြောင်းလဲခြင်း​တွေလဲ ရှိ​နေခဲ့တယ်​ .. ။

ပုံပမာပြရရင်​ ​.. သူ့အ​ပေါ်ထားရှိတဲ့ ​မောင့်​အချစ်​​တွေလို​ပေါ့ .. ။

မောင်​က သူ့ခံစားချက်​ကို ရိပ်​မိသိရှိသလို .. ပုခုံးစွန်း​တွေကို ဖွဖွ​လေး​ပွေ့ဖက်​​ပေးရင်း နှစ်​သိမ့်​တယ်​ .. ။

တကယ်​​လေ ​မောင်​ .. ။
ဒီယုန်​ဆိုး​လေးကို သိပ်​ချစ်​တာပဲလား .. ။



_____________________________



" ဝိုး .. တကယ့်​ကို ဆာကူရာ​ဆောပန်းခင်းကြီးထဲ ​ရောက်​သွားသလိုပဲ .. "

" အိုင်းယား .. ငါက သူ​တို့​တွေ ဒီ​လောက်​လှရက်​နိုင်​မှန်း​တောင်​ မသိခဲ့ဘူး .. ငါတို့အိမ်​နားမှာလဲ နှစ်​ပင်​လား သုံးပင်​လားရှိတယ်​ .. အ​လေ့ကျပင်​​တွေဆိုပြီး ပစ်​ထားမိတာ .. "

" ဒီကပြန်​တာနဲ့ ပန်းအိုးထဲ ထည့်​​တော့​လေ ..
တန်​ဖိုးကြီးတယ်​​နော်​ .. အရမ်း .. "

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now