Zawgyi
" ... "
လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ပန်းချီကားချပ်ကို အသာပိုက် .. ကော်ရစ်တာဘောင်ကို ခပ်လျော့လျော့မှီထားတဲ့ဟန်ပန်က တကယ့်ကို လက်ရာမြောက် သက်ရှိပန်းပုရုပ်အတိုင်း .. ၊၊
ဖြတ်သွားဖြတ်လာတချို့သာမက တမင်ကြီး လာအကဲခတ်ကြတဲ့ အမျိုးသမီးငယ်တွေ အကုန်လုံးကပါ အဲ့ဒီ့သက်ရှိပန်းပုရုပ်ငယ်ကို မျက်နှာမလွှဲနိုင်အောင် ငေးကြည့်ရင်း နှမြောတသ ဆိုကြရှာတယ် .. ၊၊
" သူပေါ့ .. ဟိုနာမည်တောင်မရှိတဲ့ ပန်းပုံပန်းချီကားကို ဒေါ်လာလေးသိန်းနဲ့ လေလံအောင်သွားတာ .. "
" ပန်းချီကားကဖြင့် အဲ့လောက်ထိ တန်ဖိုးမရှိပါဘူးဟယ် .. ဒေါ်လာလေးသောင်းလောက်ဆိုရင်ပဲ သင့်လှပါပြီ .. "
" သူ့မှာ ပိုက်ဆံတွေအရမ်းပေါနေလို့ အပျင်းပြေ လာဖြုန်းနေတာလားမှ မသိတာ .. ဘယ်မိသားစုရဲ့ သခင်လေးလဲ မသိဘူးနော် .. သေချာတာတော့ အကောင်ကြီးကြီးထဲကပဲ ဖြစ်ရမယ် .. "
" အကောင်ကြီးကြီးထဲကဆိုတာတော့ မှန်တယ် .. ဒါမဲ့ ဘယ်မိသားစုရဲ့ သခင်လေးမှတော့ မဟုတ်ဘူး .. "
" ဒါဆို .. ဘယ်သူများလဲ .. .
အိုင်ဒေါတွေထဲကလား .. သူ့မျက်နှာတော့ မြင်ဖူးနေသလိုပဲ .. "" သူက .. . "
အမျိုးသမီးငယ်တွေရဲ့ ခန့်မှန်းချက်မဆုံးနိုင်သေးခင်မှာပဲ ထိုသူက ဆက်ခနဲထရပ်တယ် .. ၊၊ ခုန ခပ်လျော့လျော့ မှီတွဲ့ပြီး မျက်ဝန်းတွေမှေးစင်းထားဟန်က .. လူကုံထံအိမ်က သခင်လေးပုံစံမျိုးဆိုရင် .. အခု တောင့်ဆက်ဆက်ထရပ်ပြီး ပြခန်းထဲ ပြန်ဝင်သွားဟန်ကတော့ အစည်းအဝေးချိန်နောက်ကျနေလို့ ခက်သွက်သွက် လှမ်းလျှောက်သွားတဲ့ သူဌေးလေးပုံစံနဲ့ အလားတူတယ် .. ၊၊
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...