Zawgyi
ဟိုးကောင်းကင်ထက်က တစ်ခြမ်းပဲ့လကွေးကွေးလေးရယ် .. ၊၊
မှိတ်တုတ်မှိတ်တုတ် ကြယ်ရောင်ပျပျရယ် .. ၊၊
ပြီးတော့ .. လမ်းမီးရောင်စုံအောက်မှာ ညကို နေ့အလား ပျားပန်းခတ်လှုပ်ရှားနေကြတဲ့ လူပေါင်းများစွာရယ် .. ၊၊
ညဟာ တကယ်ကြီး သက်ဝင်လှုပ်ရှားနေလို့ ..
ပြတင်းဘောင်ပေါ် လက်တင်ပြီး လေးတွဲ့စွာ မှီနွဲ့ထားတဲ့ ထိုလူငယ်လေးက .. ၀န်းကျင်အခြေအနေကို အသက်မပါသလို ငေးကြည့်ရင်း ယဲ့ယဲ့ပြုံးတယ် .. ၊၊
" အအေးမိမယ် .. တံခါးပိတ်တော့ .. "
" ... "
ပူနွေးနွေးကော်ဖီတစ်ခွက် ကမ်းပေးလာတဲ့ ယွီလေးကို .. လည်ပင်းထက်က မာဖလာလေး မျက်လုံးစွေပြလိုက်တယ် .. ၊၊
အရောင်အဆင်း မပီပြင်တော့တဲ့တိုင် .. မောင့်အငွေ့အသက်တွေ စွန်းထင်းနေဆဲ ဒီမာဖလာလေးက သူ့တစ်ယောက်စာတော့ လုံလောက်စွာ နွေးထွေးမှုပေးနိုင်ပါရဲ့ .. ၊၊
" ဒေါက်တာက ကျန်းမာရေးဂရုစိုက်ဖို့ ပြောထားတယ်မလား .. "
" အင်း .. ငါသိတယ် .. "
" သိမိုက် မိုက်မနေနဲ့ ..
ငါပြန်မယ် .. စောစောအိပ် .. "" .. ယွီလေး "
" ... "
လောင်းကုတ်ကို လက်မောင်းထက်ကောက်တင်လို့ ပြန်တော့ဖို့ပြင်နေတဲ့ယွီလေးက သူ့ခေါ်သံမှာ မေးဆက်ပြတယ် .. ၊၊
" မင်းတီးပြတဲ့ စန္ဒရားသံ နားထောင်ချင်တယ် .. "
" ... "
မျက်လုံးလှန်ပြလာတဲ့တိုင် .. လက်တွေ့မှာတော့ ယွီလေးက အခန်းကျယ်ထဲက စန္ဒရားအိုကြီးရှေ့ ၀င်ထိုင်ပြီး နှင့်နေပြီ .. ၊၊
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...