Zawgyi
" ငါပြောသားပဲ .. လူမှားတာပါဆို ..
မီဒီယာတွေက ဒီလိုပဲ .. အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနဲ့ တစ်ကိုယ်လုံးပါကင်ထုတ်ထားသလို .. ဘဏ်ပဲဓားပြဝင်တိုက်တော့မလို ဝတ်စားထားတဲ့ ခပ်ချေချေစတိုင်လူရွယ်တွေမြင်တာနဲ့ ဝမ်ရိပေါ်ပဲ ပြေးထင်တော့တာ .. ပြီးရင် ဟုတ်တာလဲ မဟုတ်ဘူး .. "" ... "
" ဒါနဲ့ .. ဒီနေ့ဝမ်ရိပေါ် လေဆိပ်ဆင်းတဲ့ဖက်ရှင်က ဝေ့ပေါ်မှာ ထိပ်ဆုံးကနေရာယူနေတာနော် .. ဘာတဲ့ .. ပျားဖမ်းသမားဝမ်ရိပေါ်တဲ့ .. ခွီး .. "
" ... "
ရှေ့မှာထိုင်နေပြီး .. ရိပေါ်အကြောင်း တစ်မျိုးပြီးတစ်မျိုး မထပ်ရလေအောင် ပေါက်ပေါက်ဖောက်နေတဲ့ကျိုးချန်ကို ဘာတစ်ခွန်းမှလဲ ပြန်မဟမိဘူး .. ။ ဆိုရရင် .. အလင်းမဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကိုကို အာရုံမစိုက်မိတာ .. ။
သူအတွေးထဲ ဆက်တိုက်နေရာယူနေတာ တစ်ခုပဲရှိတယ် .. ။
ရိပေါ်က သူ့ကို လာမတွေ့ဘူး .. ။
မတွေ့ချင်တာပဲလား .. အကြောင်းမတိုက်ဆိုင်၍ပဲလား မသိပေမယ့် ရိပေါ်က သူ့ကို တကယ်လာမတွေ့ခဲ့ပါဘူး .. ။မျှော်လင့်တကြီးနဲ့ တစ်ညလုံး စောင့်နေခဲ့ပေမယ့် ရိပေါ်ရဲ့အသံလေးကိုတောင် ကြားခွင့်မရခဲ့တာမို့ ဝမ်းနည်းနေမိတဲ့သူက .. ဒီနှစ်တွေအတွင်း သူပြန်အလာကို မျှော်လင့်ချက်မဲ့စွာ စောင့်နေခဲ့မယ့် ရိပေါ်ရဲ့ ခံစားချက်ကိုလဲ နားလည်ပေးနိုင်ပါရဲ့ .. ။
မျှော်လင့်ချက်တွေ မဲ့သွားတဲ့နောက် .. ဘဝရဲ့အဓိပ္ပါယ်ဟာလဲ ပျောက်ဆုံးသွားလိမ့်မယ် .. ။ တစ်သက်တာမှာ တစ်ခါပဲ တစ်စုံတစ်ယောက်ကို ဖမ်းဆုပ်ထားချင်ခဲ့မိပေမယ့် .. အဲ့ဒီ့တစ်စုံတစ်ယောက်ကပဲ ရုတ်တရက်စွန့်ပစ်သွားတဲ့နောက်ပေါ့ .. ။ မနက်ဖြန်ဆိုတာ မရှိတော့သလိုမျိုး အလုပ်ပြီးရင်းအလုပ် ဇောက်ချလုပ်နေခဲ့တာ .. တမင်ရည်ရွယ်ပြီးတော့တော့လဲ မဟုတ်ဘူးရယ် .. ။ တစ်ခုခုထဲကိုမှ စိတ်နှစ်မထားရင် ဒီခန္ဓာကိုယ်က အဆုံးတိုင်လဲကျသွားတော့မှာမို့ .. လုပ်မိလုပ်ရာတွေ စွတ်တိုးလုပ်နေမိတာ .. ။ အသိအမှတ်ပြုခြင်းမခံရတဲ့ စောင့်ဆိုင်းခြင်းတွေကြား .. နှလုံးသားတွေ အေးခဲလာပြီး .. ဘာခံစားချက်မှမရှိတော့သလိုမျိုး သိပ်လဲဟန်ဆောင်ကောင်းခဲ့မှာ .. ။
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...