Zawgyi
စက်တင်ဘာလလယ်သာရှိသေးတဲ့တိုင် ရွှေဝါရောင်ဂင်ဂိုရွက် (ginkgo) တို့က စတင်ကြွေလွင့်နေချေပြီ .. ၊၊
ဆေးရုံအ၀င်လမ်းတစ်လျှောက်ဟာ ရွှေဝါရောင် ကောဇောရှည်ကြီး ဖြန့်ခင်းချထားသလိုမို့ .. လူနာတချို့ဟာလဲ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ရင်း ဟိုဒီငေး .. ခုံတန်းလေးတွေထက်မှာ ထိုင်သူထိုင်နဲ့ .. ၊၊
တစ်ချက်တစ်ချက်ဝေ့၀ဲတိုက်ခတ်လာတတ်တဲ့ လေအေးအေးတွေထဲ ဆောင်းရဲ့အငွေ့အသက်က လွမ်းမောဖွယ် ပါဝင်နေပြန်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်လိုပဲ .. ၊၊
ပန်းချီကားရဲ့လမ်းလေးထက်မှာတော့ အထီးကျန်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ် .. ၊၊
ခြေမျက်စေ့ထိလုနီးပါး လောင်းကုတ်အ၀ါဖျော့ဖျော့နဲ့ .. ဆံပင်ရွှေညိုရောင်တွေရှိတဲ့ လူငယ်လေး .. ၊၊ခြေရင်းဆီက ၀ပ်ဆင်းပြီးသားဂင်ဂိုရွက်ဝါတွေကို လျစ်လျူရှုလို့ .. ဂင်ဂိုပင်အိုထက်က ရွက်ဝါတွေကိုသာ တမေ့တမော ငေးကြည့်နေလို့ .. ၊၊
CZYTASZ
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...