4.1K 279 38
Zawgyi
အရင်​ဆုံး အကြင်​သူကို ဖတ်​​ပေးကြတဲ့အတွက်​ တကယ်​ပဲ ​ကျေးဇူးတင်​ပါတယ်​ .. ။
ဒီတစ်​ပုဒ်​က ကိုယ်​တိုင်​အားမရခဲ့တဲ့တစ်​ပုဒ်​မို့ အားလဲနာရတယ်​ .. ။ ဘယ်​​လောက်​​တောင်​ ​ပေါ့​ပေါ့​လေးတွက်​ထားမိလဲဆိုရင်​ ဇာတ်​​ကြောင်းက ကိုယ့်​မှာရှိ​နေပြီးသားပဲ ဆိုပြီး သုံးရက်​​လောက်​နဲ့ အပြတ်​ဖြတ်​နိုင်​မယ်​ထင်​ခဲ့မိတဲ့အထိ .. ။ ဒါက ကိုယ်​ဟိုးအရင်​က ​ရေးခဲ့ဖူးတဲ့ normal ဇာတ်​လမ်းကို ဇာတ်​​ကြောင်းပြန်​ယူထားတာမို့ အရမ်းကြီး လွယ်​လွယ်လုပ်​နိုင်​လိမ့်​မယ်​ထင်​ခဲ့တဲ့ ကိုယ့်​အမှားပါပဲ .. ။ တကယ်​တမ်း ​ရေးကြည့်​​တော့ ငါးလနီးပါး ပြန်​ပြီးအချိန်​ယူခဲ့ရပါတယ်​ .. ။
နောက်​တစ်​ခု ဝန်​ခံစရာရှိတာက .. မူလကိုယ်​​တွေးထားတဲ့ အဆုံးသတ်​က လုံးဝ sad ending ပါ .. ။ ဘယ်​လိုဖြစ်​လို့ happy ending သွားလဲဆို​တာ​တော့ .. အပိုလုပ်​သလိုဖြစ်​​နေမှာ စိုးရိမ်​တာမို့ ​မ​ပြော​တော့ပါဘူး .. ။
sad ending  က​​နေ happy ending  ​ပြောင်း​ရေးတဲ့အခါ ​တော်​​တော်​လဲ ​တွေးယူရတာပဲ .. ။ ကိုယ်​က ဘယ်​လိုနည်းနဲ့ ဒရာမာချိုးရမလဲပဲ အမြဲ​တွေး​နေတဲ့သူဆို​တော့ ရိုမန့်​ဘက်​ကို လုံးဝနီးပါးကို မ​တွေးတတ်​ မ​ရေးတတ်​တာ .. ။ ro ဖို့ ဆွဲ​ခေါ်သွားလိုက်​ ဒရာမာထချိုးလိုက်​ ဖြစ်​​နေတဲ့​နေရာ​တွေလဲ အများကြီးပဲ .. ။ အမှန်​က ကိုယ့်​ဘာသာ လုံးလည်​ချာလည်​လိုက်​​နေတာ .. ။ အဲ့ဒါမှာ ro ဖို့ စဉ်းစားလိုက်​ .. ​ခေါင်းထဲက ဘာမှထွက်​မလာလို့ ​မှောက်​အိပ်​လိုက်​နဲ့ အပ်​ပုဒိတ်​ရမယ့်​ရက်​​တွေက ​နောက်​ကျ​ရော .. ။
ပြီး​တော့ .. ကိုယ်​က အခုဘာဖြစ်​တယ်​ .. ဒီ​နေ့ ဘယ်​လိုရှိတယ်​ .. အဲ့လိုမျိုး ဒဲ့မ​ရေးတတ်​ဘူး .. ။ မ​နေ့က​တော့ ဘယ်​လိုဆိုပြီး ​နောက်​​ကြောင်းပြန်​သလိုမျိုးကိုပဲ ​ရေးသားကျတယ်​ .. ။ တစ်​​ယောက်​ချင်းစီရဲ့ တစ်​ဖက်​ခြမ်းဆီက​နေ ​ရေးရတာမျိုးကိုပဲ ပိုအားရတယ်​ .. ။ ဇာတ်​​ဆောင်​နှစ်​​ယောက်​ဆုံတဲ့အခန်းဆို ဘာ​တွေဘယ်​လို​ပြောပြီး ဘယ်​လို​ရေးရမလဲ တကယ်​မသိ​တော့ဘူး .. ။ ကိုယ့်​ရဲ့ အားနည်းချက်​​တွေပါပဲ .. ။
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now