Zawgyi
" ဟမ့် .. ဒီနေ့နဲ့ဆို Sean Xiao ပြန်သွားတာ ဘယ်လောက်ရှိသွားပြီပါလိမ့် .. သောက်ခွေး .. ဘယ်လောက်ပဲရှိရှိ လုံးဝ အဆက်အသွယ် မလုပ်တာတော့ တကယ်စိတ်တိုတယ် .. "
ကျိုးချန် .. ဆွဲလက်စဒီဇိုင်းပုံကို ခနရပ်လိုက်ပြီး
တစ်ကိုယ်တည်း ပွစိပွစိ မြည်တွန်တောက်တီးနေတော့ .. လုပ်ဖော်ကိုင်ဖက်တွေက မနိုင်ဘူး ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာကြရဲ့ .. ၊၊" ဒီမှာ ဘလက်ခ်ကော်ဖီ ..
တစ်ယောက်ထဲ ဘာတွေဆွေးပြန်ပြီလဲ ... "ပရောဂျက်တစ်ခုထဲမှာ အလုပ်လုပ်တဲ့ ဟန်နာက ကော်ဖီဘူးလေး သူ့ရှေ့လာချပြီး စပ်စုသလိုမေးတော့
" ကော်ဖီအတွက် ကျေးဇူး .. "
" အာ ရပါတယ်ကွာ .. တို့မေးတာလဲဖြေဦးလေ ...
ဘာတွေဆွေးနေတာလဲလို့ ... "" သောက်ခွေး Sean Xiao လေ .. တရုတ်ပြန်သွားတာ ဒီလောက်ကြာနေပြီကို .. ဖုန်းလေး တစ်ချက်မဆက် .. မေးလ်လေး တစ်စောင်မပို့ဘူး .. "
" Sean Xiao .. "
ဟန်နာ .. မျက်ခုံးလေးတွန့်ပြီး စဉ်းစားဟန်ပြုရင်း ..
" မှတ်မိပြီ .. မင်းအခန်းဖော် .. ဟိုယုန်ကောင်လေးမလား .. "
" ဟုတ်တယ် .. အဲ့ဒီ့ယုန်ခွေးကောင်ပဲ .. "
" ကိုယ့်နိုင်ငံကိုယ်ပြန်ရောက်တော့ အပျော်လွန်နေလို့နေမှာပါ .. ဒီမှာနေသွားတာ နှစ်တော်တော်များများပဲ မဟုတ်လား .. "
" ဆိုပေမဲ့ သူ့နိုင်ငံပြန်ရောက်တာနဲ့  ငါ့ကို လှမ်းဆက်သွယ်မယ်လို့ ကတိပေးထားတယ် .. "
" မေ့လောက်ပြီနေမှာပေါ့ .. နှုတ်ကတိဆိုတာ လေထဲမှာ ပျောက်သွားမှာပဲ .. လက်ဆုပ်လက်ကိုင် ဖမ်းဆုပ်ပြလို့ရတဲ့အရာမှ မဟုတ်တာ .. "
" တခြားသူတွေအတွက်တော့ ဟုတ်ချင်ဟုတ်လိမ့်မယ် .. Sean Xiao ကတော့ အဲ့ဒီ့လို ကတိကို တန်ဖိုးမထားတဲ့သူမျိုးမဟုတ်ဘူး .. သူပြောဖူးတာရှိတယ် .. မဖြစ်နိုင်တာကို ကတိပေးခဲ့မိရင်တောင်မှ ကတိကိုတော့ မဖျက်ဘဲ ဖြစ်နိုင်အောင်ပဲလုပ်မယ်တဲ့ .. "
ဟန်နာက သူ့ကိုပြုံးရုံသာပြုံးပြပြီး ..
" ဒါဆိုလဲ သူအမြန်ဆုံးဆက်သွယ်လာပါစေလို့ ဆုတောင်းပေးပါတယ် .. "
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...