Ep - 23 ​မေတ္တာစစ်​ရင်​ ... [ မေတ္တာစစ်ရင် ... ]「Z/U」

5.2K 575 35
                                    

Zawgyi


တစ်​စက္ကန့်​ဆိုတာ ဘာမှမကြာတဲ့အချိန်​​လေးပဲ .. ၊၊

ဆို​ပေမယ့်​ ..

လူ့စိတ်​က​တော့ တစ်​စက္ကန့်​အတွင်း အ​တွေး​ပေါင်း ​သောင်း​ခြောက်​​ထောင်​ ​တွေး​တောနိုင်​လို့ .. ၊၊

ရိ​ပေါ်ဟာ တစ်​စက္ကန့်​ချင်းစီတိုင်းမှာ ​ကောအ​ကြောင်း​တွေ တသသ​တွေးပြီး ပူ​ဆွေး​နေခဲ့တယ်​ .. ၊၊

စက္ကန့်​​ခြောက်​ဆယ်​ပြည့်​လို့ တစ်​မိနစ်​ဖြစ်​သွားတဲ့အခါ ရိပေါ်​ခေါင်းထဲ ​ကောအ​ကြောင်း​တွေဟာလဲ တစ်​​သောင်း​ခြောက်​​ထောင်​ အ​မြှောက်​ ​ခြောက်​ဆယ်​ .. ကိုးသိန်း​​ခြောက်​​သောင်း ဖြစ်​တည်​တယ်​ .. ၊၊

မိနစ်​​ခြောက်​ဆယ်​မှာတစ်​နာရီ .. ​ကော​အ​ကြောင်း​တွေ ​ခေါင်းထဲမှာ ငါးဆယ့်​ခုနှစ်​သန်းနဲ့​ခြောက်​သိန်း ဖြစ်​​တည်​တယ်​ .. ၊၊

နောက်​ .. နှစ်​ဆယ့်​​လေးနာရီမှာတစ်​ရက်​ ..
နောက်​ နှစ်​ရက်​ .. သုံးရက်​ .. ​လေးရက်​ .. ၊၊

ဒီလိုနဲ့ပဲ ​နေ့ရက်​​တွေဟာ ခက်​ခက်​ခဲခဲပဲ ကုန်​ဆုံးလာ​နေတယ်​ .. ၊၊

ငါးရက်​​မြောက်​​နေ့မှာ​တော့ ဦး​လေးဝမ်​ဟာ ​ဘေးကပဲ ရပ်ကြည့်မ​နေနိုင်​တော့ဟန်နဲ့ ​​​ရိ​ပေါ်အခန်းကို ​သော့တူနဲ့ဖွင့်​လို့ ၀င်​လာတယ်​ .. ၊၊

ရိ​ပေါ်က သူ့အခန်းကျယ်ရဲ့ ​​ကုတင်​​ခြေရင်း ​အောက်အခင်းပြင်​မှာ ဒူးနှစ်​ဖက်​ကို လက်​နဲ့ပိုက်​ထားပြီး .. ဒူး​ခေါင်း​ပေါ် ​ခေါင်း​မှောက်​လို့ ငြိမ်​ငြိမ်​သက်​သက်​ .. ၊၊

“ .. လူ​လေး ”

ဦး​လေးဝမ်​ရဲ့​ခေါ်သံတိုးတိုးမှာ ရိ​ပေါ်က ​ခေါင်း​ထောင်​ကြည့်​လာတယ်​ .. ၊၊

ညအိပ်​မီးမှိန်​​ဖျော့​ဖျော့အားကိုးနဲ့ ရိ​ပေါ်ရဲ့မျက်​နှာထက်​က ပူ​ဆွေးရိပ်​​တွေကို ပါးပါး​လေး မြင်​​တွေ့ခွင့်​ရတယ်​ .. ၊၊

သိသိသာသာ ​ချောင်​ကျသွားတဲ့မျက်​တွင်း​တွေနဲ့ မျက်ရည်ေ​​တွ စွတ်​စို​နေဆဲ မျက်​​တောင်​ဖျား​တွေက မမြင်ချင်​မှအဆုံးပဲ .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now