Zawgyi“ Rain ပြန်လာပြီ ... Rain ပြန်လာပြီကွ .. ယေး .. ”
“ ဖွား .. ဖြည်းဖြည်း .. ချော်လဲမယ် .. ”
“ ရိပေါ်ရော မပျော်ဘူးလား .. Rain က ဒီလောက်အကြာကြီး ပစ်ထားပြီးမှ ပြန်လာတာကို မပျော်ဘူးလားလို့ .. ”
“ ပျော်တာပေါ့ ဖွားရဲ့ .. မပျော်ဘဲ ဘယ်နေလိမ့်မလဲ .. ”
“ ပျော်ရင် ခုန် .. ပျော်ရင်ခုန် .. ဖွားနဲ့အတူ လိုက်ခုန် .. ”
“ဖွား ချော်လဲမယ်ဆိုနေ .. ဖွား ဖွား .. ဖွား .. ”
“ .... ”
ခုန်ပေါက်မြူးတူးရင်း တဖြည်းဖြည်းချင်း ဝေးဝေးသွားတဲ့ဖွားနောက် ပြေးလိုက်ဖို့ပြင်လိုက်ပေမယ့် ခြေထောက်တွေက ရုတ်တရက် လှုပ်မရတော့ .. ။ ခဲဆွဲထားသလို လေးလံလွန်းနေပြီး ခြေတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲနေသလိုမျိုး .. တစ်ကိုယ်လုံး ထိုင်းမှိုင်းလို့ .. ။
မဖြစ်ဘူး .. ။ မဖြစ်ပါဘူး .. ။
ဖွားကို ကောနဲ့ ပေးတွေ့ရဦးမှာ .. ။ ဒီလိုကြီး လျှောက်ပြေးနေရင်း လမ်းပျောက်သွားရင် ဘယ်လိုလုပ်ပါတော့မလဲ .. ။ရှိသမျှအားအကုန်သုံးပြီး ဖွားနောက်ပြေးလိုက်ဖို့ ပြင်ပြီးကာမှ ကောကို သတိရမိပြန်တယ် .. ။
ဟုတ်ပါရဲ့ .. ။
ကောက အခု ဘယ်မှာလဲ .. ။ဘေးပတ်လည်မှာ မြူငွေ့တွေ ဝေ့ဝဲလို့ .. ။ ဖွားကလဲ သူ့ရှေ့လေးတင် ပျောက်ကွယ်လို့ .. ။ ကောကလဲ အခု မရှိတော့ပြန်ဘူး .. ။ ကောက သူ့ကို ထားသွားပြန်ပြီ .. ။ လွန်ခဲ့သော နှစ်ကာလတွေကလိုပဲ .. ။ ကောက သူ့ကို ထပ်ပြီး ထားသွားပြန်ပြီ .. ။
“ ကော .. ကော ဘယ်မှာလဲ .. ”
“ ... ”
“ ကော .. မောင့်ကို ထပ်ပြီး ထားမသွားတော့ဘူးဆို .. ”
“ ... ”
‘‘‘ ကော .. ’''
အသံကုန်ခြစ်အော်တာရဲ့အဆုံးမှာ လူကပါ အလန့်တကြား ထထိုင်မိတယ် .. ။ လေးလံနေတဲ့ လက်မောင်းတစ်ဖက်က ရုတ်တရက် ပေါ့ခနဲ .. ။
VOUS LISEZ
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...