အပိုင်း (၁၈)

1.9K 59 1
                                        

အပိုင်း(၁၈)

"ဒေါက်တာ ကျွန်မညီမလေးအခြေနေဘယ်လိုရှိသေးလဲ"

"လူနာက သွေးပေါင်အရမ်းကျနေတာ
အာဟာရလဲမရှိတာကြောင့်သတိလစ်သွားတာပါ "

"ခုရောဒေါက်တာစိုးရိမ်းရသေးလား"

"မစိုးရိမ်းရတော့ပါဘူး"

"ဟုတ်ကဲ့ ကျေးဇူးပါဒေါက်တာ"

ဆရာဝန်ထွက်သွားပြီးတာနဲ နှင်း
ဝင့်လွှာရှိရာလာခဲ့လိုက်သည်သတိလစ်နေစဲဖြစ်တဲ့ဝင့်လွှာနားကိုယ်သွားပြီး
ဝင့်လွှာ ဆံပင်လေးသပ်ပေးကာ နဖူးလေး
အနမ်းပေးလိုက်သည် နှင်း ဝင့်လွှာလက်
လေးဆုပ်ကိုင်ကာ တစိမ့်စိမ့်ကြည့် နေသည် နှင်းကျေနပ်သည် ပိုင်ဆိုင်ခွင့်
မရလဲခုလိုလေးရှိနေပြီး တစိမ့်စိမ့်ကြည့် နေရရင်ဘဲ နှင်း စိတ်ချမ်းသာလှပါပြီးသူ့မျက်နှာလေးတစ်ချက်ညိုးနွမ်းသွားမှာတောင်နှင်းအရမ်းကြောက်ခဲ့တာဒါပေမယ့်ခုတော့တခြားသူ
ကြောင့်ကျနေခဲ့တဲ့မျက်ရည်တွေနာကျင်မှုတွေနှင်း တွေ့ရတော့အရှင်လတ်လတ် မီးသဂြိုဟ် ခံသလိုပူလောင်လွန်းတယ်။

💔💔💔💔💔💔💔💔💔💔💔

"စုမြတ်နိုး နင်အခုလိုဘဲနေတော့မှာလား"

ရှင်းသန့် စုမြတ်နိုး အိမ်သွားပြီး ပေါက်ကွဲနေခြင်းဖြစ်တယ်။

"ထမင်းလည်းမစား အိပ်လည်းမအိပ်နဲ့
နင်ကသာဖြစ်နေတာ နင့်မမကတော့ဟိုမှာမင်္ဂလာဆောင်တော့မယ်"

စုမြတ်နိုး ရှင်းသန့်ပြောသမျှမျက်နှာငယ်လေးနဲ့သာကြည့်ရင်းနားထောင်နေသည်။

"စုမြတ်နိုး ငါပြောတာနင်နားထောင်နေရဲ့လား"

ခေါင်းလေးသာညိမ့်ပြတဲ့ စုမြတ်နိုးကြောင့်
ရှင်းသန့်ဆွဲရိုက်သတ်ချင်စိတ်ပေါက်လာသည် ဒီကဒီလောက်ထိချစ်နေတောင်
ဟိုက မမဆိုတဲ့ မသဲဝင့်လွှာက လုပ်ရပ် တယ် ရှင်းသန့် စိတ်ထဲကနေအပြစ်ပြောနေမိသည်။

"မြတ်နိုးရယ် နင်ထမင်းတော့စားပါနော်
ငိုချင်လည်းငိုလိုက်ပါခုလိုတော့မနေနဲ့နော်"

ရှင်းသန့် ကြမ်းမရတော့သည်မို့မြတ်နိုးနားထိုင်ကာချော့ပြီးပြောရှာသည်။

စစ်မှန်သောပျော်ရွှင်ခြင်း #စစ်မှန်သောပျော်ရွှင်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ