💞💞စစ်မှန်သောပျော်ရွှင်ခြင်း💞💞
အပိုင်း(၁၂)ချစ်တက်လာရင် ကိုယ်ပျော်နေဖို့ထက်သူပျော်နေဖို့ကိုယ်ပို လိုလားကျတာဘဲမဟုတ်လားရှိန်းတစ်ယောက်ထဲတွေးပြီးပြုံးနေသည်
"မိသဲ မင်းလွင်ဦး ပြောတယ်စခန်းလာအုံးတဲ့ ခဏသွားလိုက်အုံး"
စခန်းလာအုံးဆိုတာနဲ့ ဝေယံကိစ္စကြောင့်ဆိုတာသဲဝင့်လွှာသိလိုက်ပြီးမို့ ဆက်မမေးတော့ဘဲ
"အင်း"
မြသော်တာနဲ့ သဲဝင့်လွှာ ကလေးအကြောင်းတွေပြောနေကျသည်မို့နွယ်လည်
"baby ရောကလေးမလိုချင်ဘူးလား"
ရှင်းသန့်လည်ကလေးချစ်တဲ့သူတစ်ယောက်ပါ ဒါပေမယ့်ကိုယ်ချစ်သူအားငယ်စိတ်ဝင်သွားမှာတော့မလိုလားတာမို့ နွယ်နားကပ်ပြီးတိုးတိုးလေးပြန်ပြောသည်
"မီးက ကလေးလိုချင်ဘူး မီးပဲကလေးလို
နေပြီးဆိုးချင်တာ"ရှင်းသန့်ပြောပြီး သွားလေးစိကာရယ်ပြနေသည်မို့ နွယ်အသည်းယားကအချစ်ပိုရသည် သဲဝင့်လွှာ မင်းလွင်ဦး နောက်
လိုက်သွားရမှာဖြစ်လို့ စောစောပဲပြန်လာခဲ့လိုက်ကျသည်ကလေးကိုယ်ပါခေါ်သွားရင်ကောင်းမလား သူစိတ်ထိခိုက်နေပါအုံးမယ်လေး
သဲဝင့်လွှာ တစ်ယောက်ထဲတွေးပြီးအပြင်
ပြန်ထွက်ဖို့လုပ်တော့"မမ ဘယ်သွားမလို့လဲ "
"ဪ.... ဒီနားလေးဘဲ"
"မြတ်နိုးလည်လိုက်ချင်လို့ ဒီမှာတစ်ယောက်ထဲပျင်းတယ်"
ခေါင်းလေးကုပ်ပြီး ပြုံးစိစိ လုပ်ကာပြောနေတဲ့စုမြတ်နိုးကိုကြည့်ပြီးသဲဝင့်လွှာ
ရင်မောနေမိသည်ဝေယံကိစ္စကဘယ်လို
မှန်းမသိခေါ်သွားလို့စိတ်မကောင်းစရာ
ဖြစ်နေရင် ဒီကလေးဘယ်လောက်ခံစားနေရအုံးမလဲ မခေါ်သွားတာဘဲကောင်းပါတယ်လေး
"မလိုက်ပါနဲ့တော့ကလေးရယ် မမခုပြန်လာမှာပါ မကြာဘူးနော်""ဟင့် မမကလဲ"
"ပြန်လာရင်မုန့်ဝယ်လာခဲ့ပေးမယ်နော်"
သဲဝင့်လွှာ စုမြတ်နိုးပြန်အပြောကိုယ်စောင့်မနေတော့ဘဲကားမောင်းထွက်လာခဲ့လိုက်သည် ကားဘတ်မှန်က ပြန်ကြည့်တော့ ထိုကလေး နှုတ်ခမ်းလေးစူ
ကာရပ်နေသည်
