Unicode အပိုင်း(၂၈)

3.1K 167 2
                                    

💕💕စစ်မှန်သောပျော်ရွှင်ခြင်း 💕💕
အပိုင်း(၂၈)

ဒီနေရာ မမရှိနေတယ်တဲ့လား သာယာပြီး
အေးချမ်းတယ် မမရှိနေတယ်ဆိုတဲ့ အသိက မြတ်နိုးကိုယ်နွေးထွေးစေတယ် နာရီကိုကြည့်တော့ ကျောင်းဆင်းချိန်မရောက်သေးတာမို့ မြတ်နိုး ကျောင်းကိုသာစုံစမ်းပြီး ထွက်ခဲ့လိုက်သည် ။

မမရေးလို့ခေါ်ပြီးပြေးဖက်ရမလား ဒါမှမဟုတ် မမကိုယ်သတိရလို့ဆိုပြီးပြောရင်ကောင်းမလား ဟူး း း း
ဘယ်လိုလုပ်ရင်ကောင်းမလဲ ကျောင်းရှေ့မှာ ဟိုဘက်လျှောက်ဒီဘက်လျှောက်
နာရီလေးတကြည့်ကြည့်နဲ့မြတ်နိုး စိတ်တွေလှုပ်ရှားလို့နေသည်။

မကြာခင်ပင်ကျောင်းခေါင်းလောင်းကြီးထိုးပြီး ကျောင်းသူနဲ့ကျောင်းသားတွေတသဲသဲထွက် လာကြသည် ရှေ့က
အသံပါဝါကောင်းကောင်းကျောင်းသားတစ်ယောက်ရဲ့အသံအဆုံးမှာ ကျောင်းသား ကျောင်းသူ အားလုံး ဇာတိမာန် သီချင်း ကိုယ်တက်ညီလက်ညီ သီဆိုနေကြသည်မှာ ငယ်ဘဝကိုယ်ပြန်
လွမ်းဆွတ်သတိရအောင်ပင် စိတ်ထဲကြည်နူးရသည်သီချင်းဆုံးတော့ကျောင်းသားကျောင်းသူတွေကျောင်းဆင်းလာကြသည်
နောက်ဆုံးမှလိုက်လာတဲ့ အဖြူအစိမ်းလေးနဲ့အရမ်းလိုက်ဖက်လွန်းတဲ့သူမ
လှသည၊် ယဉ်သည် ၊နန်းဆန်လွန်းနေသည်။

စိတ်ရှိတိုင်းပြေးဖက်ချင်ပေမယ့် စည်းစောင့်ကာ ရပ်ကြည့်နေရသည် ။

"မမ"

"ဟင်...ကလေး"

"ဟီး☺☺"

"ဘယ်လိုဖြစ်ပြီးတော့ဒီထိရောက်လာတာ"

"တစ်နေရာမှာသွားပြောရင်ပိုမကောင်းဖူးလားမမ"

"အိမ်လိုက်ခဲ့လေး"

"ဟုတ်"

ဝင့်လွှာ ကလေးရဲ့မျက်နှာလေးတောင်သေချာမကြည့်ရဲ လက်ဖျားလေးတွေပါ
အေးစက်လာပြီး ခြေလှမ်းတွေတောင်မမှန်ချင်တော့ ကလေးက ဝင့်လွှာစီရောက်လာ
ခဲ့တယ် အိပ်မက်များမက်နေတာများလား ကလေး ဘက်ကိုကြည့်လိုက်တိုင်းလည်း အကြည့်ချင်းဆုံးရင်သူပြန်ပြုံးပြနေသေးတယ် အိပ်မက်မဟုတ်တာတော့သေချာတယ် ဝင့်လွှာ သက်ပြင်းတွေသာခိုးခိုးချနေမိသည်။

စစ်မှန်သောပျော်ရွှင်ခြင်း #စစ်မှန်သောပျော်ရွှင်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ