Unicode အပိုင်း(၂၉)

3.4K 176 3
                                    

💕💕စစ်မှန်သောပျော်ရွှင်ခြင်း💕💕
အပိုင်း(၂၉)

ဝင့်လွှာ ကလေးတွက်မနက်စာလုပ်ပေးဖို့ အိမ်မှာဘာမှမရှိတော့တာကြောင့် ဈေး
လာသည် စိတ်ကတော့အိမ်မှာသာကျန်
ရစ်နေခဲ့သည် ဟိုကလေး နိုးလာရင်လိုက်
ရှာနေတော့မယ် လိုအပ်တာတွေအမြန်ဝယ်ပြီး ပြန်လာခဲ့ပေမယ့် လမ်းထဲမှာ
ညအိပ်အင်္ကျီနဲ့ဆံပင်မသပ်ရပ် ဖိနပ်လဲမပါ
မျက်ရည်လေးဝဲဝဲနဲ့ ဝင့်လွှာရဲ့ကလေးကိုယ် အဝေးကလှမ်းတွေ့လိုက်တာနဲ့
ရင်ဘက်ကအောင့်လာသည်။

"မမ.....မမဘယ်တွေသွားနေတာလဲ
မြတ်နိုးကိုယ်ထားခဲ့ပြန်ပြီးလို့ထင်နေတာ
အဟင့်......ဟင့်😭😭😭😭😭😭"

ဝင့်လွှာကိုယ်တွေ့တာနဲ့အတင်းဖက်ပြီးငိုနေတဲ့ကလေးကြောင့်ဝင့်လွှာစိတ်တွေဘယ်လိုမှထိန်းချုပ်မနိုင်တော့တာကြောင့် လက်ထဲကအထုပ်တွေလွှတ်ချပြီး ကလေးခါးလေးကိုယ်တင်းကျပ်နေအောင်ပြန်ဖက်ပေးထားလိုက်သည်။

"မမ မြတ်နိုးအနားမှာဘဲနေပါနော်
မြတ်နိုးကိုယ်မထားခဲ့နဲ့နော်"

"ကလေးရယ်.."

ငိုသံပါတဲ့ဝင့်လွှာရဲ့ကလေးရယ်ဆိုတဲ့အသံ
လေးက နက်ရှိူင်းပြီးလေးနက်တယ်။

"မမ မထားခဲ့ပါနဲ့လို့....မြတ်နိုးမမနားက
ဘယ်မှမသွားချင်ဘူး "

"အင်းပါ"

ဝင့်လွှာ ပခုံးနှစ်ကိုင်ပြီး မြတ်နိုးရင်ခွင်ထဲမှထုပ်ကာ ။

"မမ ဘာလို့ငိုနေတာလဲ"

ဝင့်လွှာပါးပြင်ကမျက်ရည်တွေသုတ်ပြစ်ပြီး
ကြည်နူးမှုအပြည့်နဲ့ပြုံးလိုက်သည်။

"မငိုတော့ပါဘူး...ကလေးရယ်"

ဝင့်လွှာ ကလေးရဲ့ခါးလေးကိုပြန်ဖက်ကာ
ကလေး နားရွက် နားလေးအသာလေး
ကပ်ပြီး ဝင့်လွှာရဲ့နှလုံးသားစေလိုရာအတိုင်း လုပ်ဆောင်လိုက်သည်။

"ချစ်တယ်"

"ဟင်....မမဘာပြောလိုက်တယ်"

မျက်လုံးလေးပြူးတူးတူးနဲ့အံဪနေတဲ့ကလေးပုံလေးကသိပ်ချစ်ဖို့ကောင်းတာကြောင့် ကလေးပါးလေးဆွဲဖဲ့ပြီး
ကလေးသိပ်ကြားချင်ခဲ့တဲ့ ဝင့်လွှာရဲ့
အသည်းစကားလေးထက်ပြီးပြောလိုက်သည်။

စစ်မှန်သောပျော်ရွှင်ခြင်း #စစ်မှန်သောပျော်ရွှင်ခြင်းWhere stories live. Discover now