👭👭စစ်မှန်သောပျော်ရွှင်ခြင်း👭👭
အပိုင်း(၂၃)ရှင်းသန့် အပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေတာကြာပြီး မမကိုယ်မမချစ်သူ
ဟောင်းနဲ့အတူတွေ့ကထဲကပေါ့မတော်လို့ အပြင်မှာမမနဲ့တွေ့ရင် မမ အလိမ်တွေပေါ်သွားမှာစိုးတာလည်းပါသည်အဲ့ကြောင့်အပြင်မသွားဖြစ်ဒီနေ့တော့
မေမေကဈေးသွားဖို့အတင်းခေါ်လို့လိုက်လာခဲ့ရသည်။"ဟိတ်......အရူးမ"
"ဪ...သူတောင်းစားလေး
မတွေ့တာကြာပြီးနော်""အေးဆို ငါနတ်ပြည်ခဏအလည်သွားနေလို့"
"အဟက်....နင်ငရဲပြည်မှာ နေဖို့
နေရာအဆင်သင့်ဖြစ်လောက်ပြီးဟဲ့
မဖြစ်နိုင်တာမှန်းမနေနဲ့"ရှင်းသန့် ကဖော်ရွေသူပီပီအပေါင်းသင်းလည်းများသည် ၊တခြားသူတွေတွက်က
ဘယ်လိုလဲမသိပေမယ့်ရှင်းသန့်သူငယ်
ချင်းတွေတွက်တော့ ခုလိုဆဲဆိုခြင်းက
ရင်းနှီးမှုရဲ့သင်္ကေတတစ်ခုလိုပါဘဲ
မေမေဈေးဝယ်နေတုန်း ရှင်းသန့် နဲ့ကျောင်းက သူငယ်ချင်းနဲ့စနေကြသည်
ခန့်လင်း ဆိုတဲ့သူကလည်း ရှင်းသန့်တို့သားမိနောက် တကောက်ကောက်လိုက်ပြီး စကားပြောနေသည်ရှင်းသန့်ရှေ့တည့်တည့်တချက်ကိုယ်ကြည့်ပြီး
ခန့်လင်း အနားတိုးကပ်လိုက်သည်"ဘာဖြစ်လို့လဲ ရှင်းသန့် "
"ဘာမှမဖြစ်ဘူး "
မမက ကလေး လေးချီပြီးဘေးက မမချစ်သူဟောင်းက ပါလာသည် မမကစကားတပြောပြောနဲ့ ရယ်မောလျက်
မမ ရှင်းသန့် ကိုယ်မတွေ့စေချင်တာကြောင့် ခန့်လင်းနားကပ်ပြီး ပုန်းနေလိုက်ချင်းဖြစ်သည်၊
မမရယ် ဘာလို့ရှင်းသန့်ရှေ့မှာပေါ်လာရတာလဲ မတွေ့ချင်လို့ရှောင်နေမှ
တည့်တည့်ကိုယ်တိုးတော့တာဘဲ ရှင်းသန့့်တို့ကိုယ် စူးစူးရှရှ အကြည့်တွေနဲ့ကြည့်နေတဲ့ကောင်မလေးကိုယ်တော့ ရှင်းသန့်ကျောခိုင်းထားလျှက်ရှိသည်။နွယ် babyကိုယ်တစ်ချက်တွေ့လိုက်သည်မို့သေချာကြည့်နေသည် ကောင်လေးနားကပ်နေတဲ့သူကနွယ်ရဲ့ babyမှ
babyအစစ်ပါ နွယ်ကိုယ်တိုင် ရွေးထားတဲ့
အင်္ကျီလေးဝတ်ထားသည်မို့ပိုသေချာသွားသည် လူုမြင်ကွင်းမှာတောင်
တလောကလုံးသူတို့နှစ်ယောက်ထဲရှိတယ်များထင်နေလားမသိဘူး နွယ် ကြည့်ရင်
မျက်ရည်ပင်ဝဲလာသည် နွယ့်ဘေးက မ ရှိနေသည်ကိုယ်တောင် နွယ် မေ့လျော့ နေသည် ။
