Unicode အပိုင်း(၃၁)

2.9K 166 5
                                    

💕💕စစ်မှန်သောပျော်ရွှင်ခြင်း💕💕
အပိုင်း(၃၁)

"အဓိပ္ပါယ် မရှိတာအကိုရာ မြတ်နိုးကဘာတွက်ကိုကိုကိုယ်သတ်ရမှာလဲ
အဲ့ဒီတိုက်ခန်းကလည်း မြတ်နိုးပိုင်တာမဟုတ်ဘူး"

"ညီမလေး အမှန်ကိုယ်ဝန်ခံပေးပါ တရားရုံး မှာအမှု့စစ်ရင်လည်း ဝန်ခံပေးပါ
ညီမလေးက ဝေယံ ညီမဆိုပေမယ့်အကိုညီမအရင်းလိုပါဘဲ ညီမလေးအမှန်အတိုင်းဝန်ခံရင် အမှု့ပေါ့နိုင်တယ်နော်"

"ဘာဝန်ခံရမှာလဲ မြတ်နိုးလုပ်ခဲ့တာမှမဟုတ်တာ"

"စုမြတ်နိုး ငါမင်းကိုယ် အကောင်းပြောပြနေတာ မင်းလုပ်ခဲ့တဲ့သက်သေတွေအားလုံးငါတို့မှာရှိထားပြီးပြီး မင်းဝန်ခံရူ်အမှု့ပေါ့အောင်ငါပြောပေးနေတာ"

"အဲ့ဒါတော့ မြတ်နိုးလည်းမသိဘူး သေချာတာတော့ မြတ်နိုးလုပ်ခဲ့တာမဟုတ်တဲ့တွက် မြတ်နိုးဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး"

"တောက်"

မင်းလွင်ဦး စိတ်ပျက်သလိုဒေါသလည်းထွက်မိသည်။ အကိုရင်းတစ်ယောက်လုံးကိုသတ်ထားပြီး အေးအေးဆေးဆေး
နေနေနိုင်တာ ဒီကလေးမက ဘယ်လိုလူမျိုးလဲ မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းခဲ့တာ ဒီလောက်သက်သေအခိုင်မာ ရထားတောင် ငြင်းဆန်နေသေးတယ်။ မင်းလွင်ဦးသွေးပျက်မတက်ဖြ်းနေသည်။

...................
ဒီကလေး ဘာတွေအလုပ်များနေလဲ
မသိပါဘူး ခုချိန်ထိ စာမလာဖုန်းမဆက်နဲ့
ကျောင်းကပြန်လာတာနဲ့ လုပ်စရာရှိတာလုပ်ပြီး ကလေးဖုန်းခေါ်တာ
စောင့်ရင်းပျင်းလာတာကြောင့် ဝင့်လွှာ
facebook ဖွင့်ကြည့်လိုက်သည်။

အမွေအတွက်အကိုအရင်းကိုယ်သတ်ပြီး
သက်သေအတုလုပ်ခဲ့တဲ့ မစုမြတ်နိုး

သတင်းခေါင်းစဉ်ကိုယ်ကြည့်ပြီး နာမည်တူ
တာနေမယ်လေးလို့ဖြေတွေးလို့ရပေမယ့်
ကလေးရဲ့မျက်နှာပါ ထင်ထင်ရှားရှား ပါ
လာသည်မို့ ဝင့်လွှာထိန်လန့်သွားရသည်။

ဘာလဲ ကလေးသတ်တာမှမဟုတ်တာ ဘာအမွေတွက်သတ်တာလဲ မဖြစ်သေးပါဘူး။ ဝင့်လွှာ လက်တွေတုန်နေသလို
အသားတွေပါတဆတ်ဆတ်တုန်ရီနေသည်
မျက်ဝန်ထဲတွင်လည်း မျက်ရည်တွေဝဲတက်လာသည်။

စစ်မှန်သောပျော်ရွှင်ခြင်း #စစ်မှန်သောပျော်ရွှင်ခြင်းHikayelerin yaşadığı yer. Şimdi keşfedin