မနက်ဝေလီဝေလင်းမှာ မြသော်တာအမေ
တစ်ယောက်စားစရာတွေနဲ့ ရောက်လာခဲ့သည်။ ဝင့်လွှာ တို့သူငယ်ချင်းသုံးယောက်ကတော့တစ်ညလုံးမအိပ်ဖြစ်ခဲ့ ။မြသော်တာဆိုသည်မှာလည်းအားရှိအောင်အိပ်ပါဆိုတောင်မအိပ်။"ဟင် အမေ အစောကြီးရှိသေးတယ်"
မြသော်တာ သူ့အမေကိုတွေ့တော့ပြောလိုက်သည်။
"သမီးဝင့်လွှာ ကိုအားနာလို့ပါ စောစောပြန်နာလို့ရအောင်လို့"
"ရပါတယ် ဒေါ်လေးရယ်သမီးတို့က
အားနာရမည့်လူတွေမှမဟုတ်တာ""အေးပါကွယ် သူငယ်ချင်းတွေကချစ်နေလိုက်ကျတာ"
ဝင့်လွှာ တို့သုံးယောက်သာရယ်နေမိသည်။မင်းလွင်ဦး က....
"မိသဲ ပြန်တော့မလားနင်"
"ခဏနေအုံးဟ ဒီချိန်ဒေါ်စိမ်းမနိုးလောက်သေးဘူး တံခါးဖွင့်ခိုင်းရမှာအားနာလို့"
"အေးပါ ပြန်မယ်ဆိုပြောငါလိုက်ပို့ပေးမယ်"
"အင်း"
ဝင့်လွှာတို့စကားဝိုင်းလေးပိုစည်းကားသွားသည်။
ကလေးက မြသော်တာနဲ့
ငယ်ငယ်ကနဲ့တူကြောင်း မြသော်တာ အမေကသူ့သမီးငယ်ငယ်ကအကြောင်းလေးတွေအမှတ်တရတွေပြန်ပြောပြသည်။
ဝင့်လွှာသတိရလို့ နာရီပြန်ကြည့်တော့ မနက် 4နာရီခွဲပြီး မို့......."မင်းလွင်ဦး ငါပြန်တော့မယ်"
"အင်း"
"မြ ငါညနေပြန်လာခဲ့မယ်နော် နင်စားချင်တာရှိရင်လည်းငါ့ကိုပြောနော်ငါလုပ်လာခဲ့ပေးမယ်"
"အင်း ဝင့်လွှာ"
မင်းလွင်ဦး နဲ့မြတ်နိုးပြန်လာခဲ့ကြသည်။
ဒီချိန်လောက်ဆိုဒေါ်စိမ်းဆွမ်းထချက်နေလောက်ပြီး ဝင့်လွှာ ပြန်လာခဲ့ချင်ဖြစ်သည်။
ဝင့်လွှာတို့အိမ်ရှေ့ရောက်သည်နှင့်"မင်းလွင်ဦး ငါသွားပြီး နင့်မိန်းမကိုဂရုစိုက်အုံး ကလေးကိုကြီးဘဲသဲမနေနဲ့"
"ဟုတ်ကဲ့ဆရာမ"
ဝင့်လွှာ မျက်စောင်လေးထိုးပြီးကားပေါ်မှဆင်းလာခဲ့လိုက်သည်။ မင်းလွင်ဦးကားဟွန်းတီးထားပေးသည်မို့ ဒေါ်စိမ်းထွက်လာခါ........