အပိုင်း(၃၄)

1.8K 56 4
                                    

အပိုင်း(၃၄)

အသားရည်စိုပြေခန္တာကိုယ် အခြိုးစား
ကျစ်လစ်ပြီးလှပနေတဲ့ နှင်းစက်က
ယောကျာ်းလေးမပြောနဲ့ မိန်းကလေးချင်းတောင်သမင်လည်ပြန်ငေးကြည့်ရလောက်
တဲ့အလှမျိုးပိုင်ဆိုင်ထားတာပါ။

ဧည့်သည်လာရောက်နေတယ်ဆိုလို့ ရေကူးကန်ထဲကနေ အနက်ရောင် ဘစ်ကနီ
နဲ့တလှမ်းချင်တက်လာတဲ့နှင်းစက်ကိုယ်
ဒေါ်ယဉ်ယဉ် အဝေးကနေလှမ်းတွေ့လိုက်သည်။ ဖြူဖွေးလှတဲ့သူမအသားရည်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အမဲရောင်အမှတ်သားလေးတစ်ခု နှင်းစက်ရဲ့ခါးမှာနေရာယူထား
သည်မို့ ဒေါ်ယဉ်ယဉ် နှင်းစက်အနား ကပြာကယာပြေးသွားသည်။ သဘတ်လေးပတ်ပြီးထိုင်မလို့ပြင်နေတဲ့ နှင်းစက်ရဲ့
လက်မောင်းကိုယ်အတင်းဆွဲကာ နှင်းစက်သဘတ်ကိုယ်ဆွဲချွတ်လိုက်သည်။

"ဒီ.....ဒီ.....အမှတ်သားက..."

"နှင်းစက်....မွေး ...မွေး..ရာပါအမှတ်လေးပါ"

နှင်းစက်ခများလည်းရှက်ကိုးရှက်ကန်နဲ့စကားတွေပါထစ်ကုန်သည်။

"ဒါဆို....သမီးက...အမေ့သမီး....မြတ်ယဉ်နွယ်ပေါ့.....ဟုတ်တယ်မှတ်လားဟင်"

"ရှင်"

"အမေ့သမီးမှတ်လားဟင်.....မြတ်ယဉ်နွယ်မဟုတ်လား"

"အန်တီကဒေါ်ယဉ်ယဉ်နွယ်လား"

"ဟုတ်တယ် သမီးကအမေ့သမီးလေးမဟုတ်လား"

နှင်းစက် အံ့ဪသွားရသည် မေမေ နှင်းစက်အရမ်းတွေ့ချင်ခဲ့တာ ခုနှင်းရဲ့အရှေ့မှာရပ်နေတာ မေမေတဲ့ နှင်ဆွံ့အ နေသည်။

"မေ........မေ."

နှင်းစက်စီးမှာ လေသံသဲ့သဲ့လေး မေမေဆိုတဲ့ခေါ်သံလေးထွက်လာတော့ ဒေါ်ယဉ်ယဉ် နှုတ်ခမ်းမှာအပြုံးတွေဝေ
လျှက် မျက်လုံးမှာတော့ မျက်ရည်မိုးတွေသွန်းဖြိုးနေသည်။

"အမေ့သမီးလေး "

နှင်းစက်ကိုယ်ပွေ့ဖက်ထားပြီး နှင်းစက်ကျောပြင်လေးပုတ်ကာဒေါ်ယဉ်ယဉ် ပေတိဖြစ်နေသည်။

"ကျေးဇူးပါသမီးရယ် ကျေးဇူးပါ ခုလိုသက်ရှိထင်ရှားရှိနေပေးလို့ ကျေးဇူးပါ"

စစ်မှန်သောပျော်ရွှင်ခြင်း #စစ်မှန်သောပျော်ရွှင်ခြင်းDonde viven las historias. Descúbrelo ahora