💔💔စစ်မှန်သောပျော်ရွှင်ခြင်း 💔💔
အပိုင်း(၂၆)မြတ်ယဉ်နွယ်က အနီးအနားမှာဘဲရှိနေသလိုခံစားရတယ် သူ့မျက်လုံးတွေ
ရင်းရင်းနှီးနှီးသိနေတယ် ဘယ်သူဖြစ်မလဲ။
မင်းလွင်ဦး အတွေးလွန်နေသည်။🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
စုမြတ်နိုး မြသော်တာအိမ်ကပြန်လာပြီး
အိမ်ထဲမဝင်သေးဘဲခြံထဲတွင်သာထိုင်နေလိုက်သည်။အရာရာအရင်အတိုင်းရှိနေစဲ ပန်းလေးတွေလဲအရင်လိုပွင့်လန်းနေစဲပါဘဲဒါပေမယ့်
အရင်လိုမစိုပြေတော့ဘဲအရမ်းခြောက်ကပ်နေသည် ။ မြတ်နိုးအသည်းကွဲနေတာ
လား ဒါမှမဟုတ် လွမ်းနေတာလား ဘာခေါင်းစဉ်တပ်ရမလဲမသိတဲ့မြတ်နိုးရဲ့ခံစားချက်တွေကိုယ် မမရယ် ချစ်နေရဲ့သားနဲ့ထားသွားတယ်။"သမီးလေး ....ထည့်စားလေး
စားမကောင်းလို့လားသမီး""ကောင်းပါတယ်အမေရဲ့ ခုလိုမစားရတာကြာတော့အပျော်လွန်နေလို့ပါ"
"ဟုတ်ပါပြီးကွယ်"
စကားတပြောပြောနဲ့မြတ်နိုးတို့မိသားစုထမင်းဝိုင်းလေးကနွေးထွေးလျက်ရှိနေသည်၊ မြတ်နိုးဘေးကခုံလေးတစ်လုံးတော့ လစ်ဟာနေတယ်လေး
အရင်ကကိုကိုထိုင်ခဲ့တဲ့နေရာ ပြီးတော့
မမ ထိုနေရာမှာဘဲထိုင်ခဲ့တာပေါ့။သေကွဲလည်းခွဲရကြမှာဘဲ ရှင်ကွဲ
လည်းခွဲရကြမှာဘဲ ဒီကလောကကြီးရဲ့
သဘောတရားဘဲလေး တစ်နေ့မဟုတ်တနေ့တော့ခွဲရမှာကြီးပါဘဲ အဲ့ဒါကိုသိနေပေမယ့် စွဲလမ်းနေတဲ့စိတ် တမ်းတနေတဲ့စိတ် မမေ့ပျောက်နိုင်တဲ့စိတ်တွေကို
တော့ မြတ်နိုးမခြိုးဖျက်နိုင်ဘူးလေး
သတိရတိုင်းမျက်ရည်လည်ပြီး လွမ်းတိုင်းငိုနေရတုန်းပါဘဲ ကျလုနီးပါးမျက်ရည်စလေးကိုယ်မသိမသာလေးသုတ်ပြီး လန်းဆန်းပါ့မလားမသိပေမယ့်အလှဆုံး
အပြုံးပန်းတွေနဲ့ မြတ်နိုးရဲ့နာကျင်မှုတွေကိုယ်ဖုံးကွယ်ထားပါတယ်။"အမေ မမမြတ်သတင်းကမထူးသေးဘူးလား"
"မထူးပါဘူးသမီးလေးရယ် သမီးကြီးသတ်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိနေပါစေလို့ဘဲ အမေဆုတောင်းပေးယုံဘဲလုပ်နိုင်တယ်"