Unicode အပိုင်း(၂၇)

3.1K 161 4
                                    

💙💙စစ်မှန်သောပျော်ရွှင်ခြင်း💙💙
အပိုင်း(၂၇)

"ဆရာမ.....ဆရာမ......ဘယ်သူမှမရှိဘူးလားမသိ.....ဆရာမ"

ခြံဝမှာခေါက်တုန့်ခေါက်ပြန်နဲ့ မြတ်နိုးတယောက်ပြာယာခတ်နေသည်။

"ဦးလေး.....ဟိုလေး...ဒီအိမ်ကဆရာမဒေါ်သန္တာအိမ်ဟုတ်ပါတယ်နော်"

"ဟုတ်တယ်လေးသမီး"

"ဘယ်သူမှမရှိကြဘူးလိုဘဲ "

"သူတို့ဘုရားဖူးသွားကြတယ်လေးသမီး"

"တစ်ပတ်လောက်တော့ကြာမယ်ဆိုလားမသိဘူး"

"ဒါဆိုသမီးကိုယ်တစ်ခုလောက်ကူညီပေးပါလား ဦးလေး"

"ဘာကူညီပေးရမလဲသမီး"

"ဒီအိမ်ကဆရာမ......ပြန်ရောက်လာရင်
ဒီဖုန်းနံပါတ်လေး ပေးပေးပါနော် အရမ်း
အရေးကြီးလို့ပါဦးရယ် ကူညီပေးပါနော်"

"ဘယ်သူလို့ပြောလိုက်ရမလဲသမီး"

"မသဲဝင့်လွှာရဲ့ညီမ စုမြတ်နိုးလို့ပြောပေးပါနော်"

"ဟုတ်ပြီး ဦးသူတို့ပြန်လာရင်ပေးပေးပါ့မယ်"

"ဟုတ် ကျေးဇူးအရမ်းတင်တယ်နော်ဦးလေး"

"ရပါတယ်ကွယ် "

"ဟုတ်"

စုမြတ်နိုး နာရီကြည့်လိုက်တော့ အချိန်အတော်နောက်ကြနေမို့အနီးမှာ တည်းဖို့
နေရာ ရှာကာ တညအိပ်ခဲ့ရသည်။

ပုန်းနေပါ မမ မြတ်နိုးကိုရှာတွေ့ရင်တော့
မြတ်နိုးအနားက ထွက်သွားခွင့်မပေးတော့ဘူး တိမ်းညိုတွေအုံ့မှိုင်းနေတဲ့ ကောင်ကင်ကြီးကိုယ်ကြည့်ကာ မြတ်နိုး
အလွမ်းတွေနဲ့ ခက်ခဲစွာရင်ဆိုင်နေသည်။

💞💞💞💞💞💞💞💞💞💞💞

ဝင့်လွှာ ကလေးကိုယ်အရမ်းစိတ်ပူနေတယ် ဒီနေ့ထိ စာလဲမပို့ ကလေးဘာတွေလုပ်နေတာလဲ နေရောကောင်းရဲ့လား
ဟူး း း း း အရမ်းလွမ်းတယ်ကလေးရယ်ကလေးနဲ့ တမိုးအောက်ထဲမှာအတူရှိနေတာဘဲ သဲဝင့်လွှာ ဘာလို့အဲ့လောက်လွမ်းနေမှာလဲ ကလေးကငါ့အနီးနားဘဲရှိတာ။

သဲဝင့်လွှာ တခြမ်းပဲ့လမင်းလေးကိုယ်ကြည့်ကာ ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်ပေးနေမိသည်။

စစ်မှန်သောပျော်ရွှင်ခြင်း #စစ်မှန်သောပျော်ရွှင်ခြင်းWhere stories live. Discover now