Chapter 7

2.1K 329 26
                                    

​နေ့ရက်​တချို့ဟာ သစ်​ရွက်​က​လေးကို ပိုး​ကောင်​ကိုက်​စား​သလို တဖြည်​းဖြည်​းချင်​း ကုန်​ဆုံးသွားတယ်​ ! ဒါ​ပေမယ်​့ Mikageနဲ့ ပတ်​သတ်​တဲ့ အ​ဖြေဟာ ​ကောက်​ရိုးပုံထဲ အပ်​ရှာရသလိုပဲ ! Touji Mikage အ​ကြောင်​းကိုစဉ်​းစားလိုက်​တိုင်​း အိမ်​မက်​တစွန်​းတစရယ်​ ဂျုံခင်​းရယ်​ အဲ့ဒီ့​နောက်​ ကျန်​တာအားလုံး ဗလာသာဖြစ်​သည်​! Touji အ​နေနဲ့ အိမ်​မက်​ထဲက ဂျုံခင်​းဟာ သူ့ငယ်​ဘဝ မှတ်​ဉာဏ်​တချို့ထဲမှာ ရှိခဲ့သလိုလို​ပေမယ်​့ ဒါဟာ လက်​တ​လောအိမ်​မက်​​တွေ​ကြောင်​့လား ခွဲခြားမရဘူး !

တ​နေ့နဲ့တ​နေ့ တိတ်​ဆိတ်​တဲ့ ဒီအိမ်​အိုထဲမှာ Toujiအတွက်​ စာ​ရေးဖို့အပြင်​ Mikage ကို ​လေ့လာစူးစမ်​းဖို့ အလုပ်​တစ်​ခုပိုလာသည်​ !

Mikage က​တော့ တ​စ္ဆေပီပီ ဖမ်​းရခက်​သည်​ ! များ​သောအားဖြင်​့ စာဖတ်​ခန်​းထဲက စာအုပ်​စဉ်​​တွေကြားမှာ ​တွေ့ရတတ်​သလို တခါတရံ အ​ပေါ်ထပ်​ အ​နောက်​ဖက်​ လသာ​ဆောင်​က ဝရံတာလက်​ရမ်​း​ပေါ်မှာထိုင်​ရင်​း အ​ဝေးကို​ငေး​နေတတ်​တယ်​!

ညရဲ့လ​ရောင်​​အောက်​မှာ ဝံရံတာ​ပေါ်က တ​စ္ဆေဟာ Touji နှလုံးသား ကို တမျိုးတမည်​ ဖြစ်​​စေတာ​တော့ အမှန်​ပင်​ !

Touji လက်​ရှိ​နေ​နေတဲ့ ဖရုံသီး​ရောင်​ အခန်​း​လေးက Mikage ရဲ့ အခန်​းဖြစ်​သည်​့အ​လျောက်​ ညအိပ်​ချိန်​​​တွေ Mikageက ကုတင်​​ပေါ် ခပ်​တည်​တည်​ဝင်​အိပ်​ဆဲ ! မနက်​နိုးတိုင်​း မြင်​ရတဲ့ ဖြူ​လျော်​​လျော်​တ​စ္ဆေရဲ့ မျက်​နှာဟာ Touji အဖို့ အာရုဏ်​ဦး ပန်​းချီကားဖြစ်​မှန်​းမသိ ဖြစ်​လို့​နေပြီဖြစ်​သည်​ !

သိချင်​စိတ်​ကို ထိန်​းချုပ်​မရတဲ့ အချိန်​ အတင်​း​မေးမိတိုင်​း Mikage က ပါးလွှာ​ပျောက်​ကွယ်​သွားဆဲ! Touji ကိုယ်​တိုင်​လည်​း ​မေးခွန်​းဆီပြန်​​ရောက်​လာတဲ့ အ​ဖြေ​တွေနဲ့ လုံးချာလည်​လိုက်​ပြီး ကျန်​ရစ်​​နေဆဲ !

*sigh*

အ​တွေးထဲ နစ်​​မြော​နေ​တော့ ရိုက်​လက်​စ ဝထ္တုက ​ရှေ့ဆက်​မတက်​ပဲ laptop screen မှာ စာရိုက်​တဲ့ ဘားတန်​း​လေးက ​ပေါ်လိုက်​​ပျောက်​လိုက်​နဲ့ပင်​ အစ​နေရာမှာ ​ကျောက်​ချ​နေသည်​ !

Follow by the Wind ~ [Unicode Version]Onde histórias criam vida. Descubra agora