"ကျွန်တော် အဖိုးရဲ့ စာအုပ်ကို အပြန်ပြန်အလှန်လှန် ဖတ်ပြီးပြီ အချိန်ကျော်သွားတာလည်း မဟုတ်ဖူး အဖိုးရဲ့ မှတ်တမ်းအရ အချိန်က တစ်ရက်တိတိကျန်သေးတယ် ! Mikage ရဲ့ အစွဲအလမ်းက မှားနေတာများလား?"
"မမှားဘူး Touji ဒါငါ့ရဲ့ အစွဲဆိုတာ သေချာတယ်"
"ဒါဖြင့် ဘာလို့....."
"ငါလည်း မသိတော့ဘူး ~"
ဖရုံသီးရောင်အခန်းလေးထဲ ပန်းချီကားချပ် တစ်ချပ် အလယ်ချပြီး Touji နဲ့ Mikage တို့ အကျပ်ရိုက်နေတယ် !
"ကျွန်တော်ကတော့ ဟိုစာအုပ်ကို ဆက်ဖတ်စေချင်တယ်!"
"ရော်... မင်းအဲဒီ့စာအုပ်ကို စိတ်မကုန်သေးဘူးလား?"
"စိတ်မကုန်တာတော့ မဟုတ်ဖူးလေ ! ဖြစ်နိုင်ချေတွေအကုန် ထည့်သွင်းစဉ်းစားတာ ! နောက်ပြီး...."
Touji က စကားကို ရှေ့ဆက်ဖို့ တွန့်ဆုတ်နေပြန်တယ်! Mikage က မျက်လုံးတချက်လှန်ကြည့်ရင်း မေးဆတ်ပြတယ် 'နောက်ပြီးဘာဖြစ်လဲ' ဆိုတဲ့ အမူအရာနဲ့.....
"နောက်ပြီး အဲ့ဒီစာအုပ်ကလည်း Emily နဲ့ ပတ်သတ်နေသေးတယ်လေ "
Touji က ကြမ်းပြင်ကို ငုံ့ကြည့်ရင်း တိုးတိုးပြောတော့ Mikage က ဗိုက်နှိပ်ရယ်တယ်!
"Hahahaha Emily သာ အခုရှိနေရင် မလွယ်ဘူး!"
"ဘာမလွယ်တာလဲ!!!"
Mikage က သဘောကျဟန် ရယ်သွမ်းပြောတော့ Touji ရှက်ရဲရဲ ဖြစ်လာပြန်သည်!
လေထုလေးအတွက်ဆို ကပ်သီးကပ်သပ် မနာလိုစိတ်တွေက ထိန်းချုပ်ဖို့ခက်လှတယ်!
" မဟုတ်ပါဘူး မင်းသူ့ကို အခုထိ မကျေလည်သေးဘူးလား? ငါပြောထားသားနဲ့ သူက ရိုးရိုးသူငယ်ချင်းပါဆိုတာကို ! နောက်ပြီး စာအုပ်က ဝမ်းနည်းစရာ ဇာတ်သိမ်းကို အဲဒီ့ကလေးမ လာဖော်ကောင်လုပ်သွားလို့ ငါဆက်ဖတ်ချင်စိတ်ပျောက်သွားတာ ဒါကြောင့့် မဖတ်တော့တာ ဘာမှ မဟုတ်ဖူး !"
YOU ARE READING
Follow by the Wind ~ [Unicode Version]
Mystery / ThrillerTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~