Chapter 11

1.8K 290 11
                                        

"ဒီတစ်ခါ Mikage ပုန်း"

"ဟင် အထူးအဆန်းပါလား ဘာစိတ်ကူးများပေါက်သတုန်း သခင်လေးရဲ့"

Mikage က အဲ့သလိုပဲ ကျွန်တော့်ကို တခါတခါ သခင်လေးလို့ ချစ်စနိုးခေါ်လေ့ရှိတယ်!

"ဟီး ဟီး ကျွန်တော့်ရဲ့ အစွမ်းအစကို ပြမလို့လေ! Mikage ကို ကျွန်တော် ဘယ်လောက်မြန်မြန်ရှာနိုင်သလဲဆိုတဲ့ အစွမ်းအစ"

ကျွန်တော်က ရင်ကိုကော့ပြီး လက်မတထောင်ထောင်နဲ့ သူရဲကောင်းဟန်ပန်အတုယူပြီး ပြောလိုက်တယ်!

"ကောင်းပါပြီ ကောင်းပါပြီ"

Mikage ကတော့ ပြုံးနေဆဲ....

ကျွန်တော် စိတ်ထဲ မကျေမနပ်ဖြစ်မိတယ်! Mikage က ကျွန်တော့်ကို ကလေးလေးလို့ သဘောထားနေတာမျိုး ကျွန်တော် မခံချင်သလိုပဲ!

"တူပြီလား?"

"မတူသေးဘူး"

"တူပြီလား?"

"တူ"

Mikage ဆီက 'တူ' ဆိုတဲ့ အသံကြားတာနဲ့ ကျွန်တော် ရှာဖွေရေးလုပ်ငန်းစလိုက်တယ်! Mikageဟာ ဒီအနီးနား ဂျုံပင်တွေ နောက်ကွယ်မှာရှိနေလိမ့်မယ်!

ကျွန်တော် အတတ်နိုင်ဆုံး ခြေသံကို ဖွနင်းပြီး ဂျုံပင်တွေကို ဖြဲရှာနေသည်!

အချိန်တချို့ကုန်ဆုံးသွားသည်အထိ ကျွန်တော် Mikage ကို မတွေ့ရ....

ပတ်ပတ်လည် မျှော်ကြည့်တော့လည်း ဝါဝင်းမှည့်နေတဲ့ ဂျုံပင်တွေ အပြင် အရာအားလုံးဟာ ငြိမ်သက်တိတ်ဆိတ်လို့နေသည်!

ကျွန်တော့်မျက်ရည်တွေ ဆို့လာတယ်! စိတ်ထဲ အလိုလိုဝမ်းနည်းလာသလိုပဲ! Mikage ဟာ ကျွန်တော့်ကို ထားခဲ့ပြီး တိတ်တိတ်လေး ပျောက်ကွယ်သွားခဲ့ပြီလား ဆိုတဲ့ အတွေးက ကျွန်တော့်ကို အထိတ်တလန့်ဖြစ်စေသည်!

"Mikage!"

ကျွန်တော် Mikage နာမည်ကို တိုးတိုးလေး ရေရွတ်ရင်း တုန်လှုပ်လာတယ်!

"Mikage !!!!!! Mikage ဘယ်မှာလဲ???"

ကျွန်တော် အသံတုန်တုန်နဲ့ Mikage နာမည်ကို တကျော်ကျော်အော်ရင်း ဂျုံခင်းထဲ အပြေးအလွှာ ရှာနေမိသည်!

Follow by the Wind ~ [Unicode Version]Место, где живут истории. Откройте их для себя