"Mikage~"
"Touji ? "
အပေါ်က စောင်ပါးလေး ထပ်ခြုံထားတဲ့ Touji မျက်နှာက နွမ်းလျှနေပုံပေမယ့် အဖျားကျသွားတဲ့ပုံပဲ!
"ဘာလို့ အပြင်ကို ထွက်လာတာလဲ ဒီမှာအေးတယ် သွား အခန်းထဲ ပြန်ဝင်"
ဝရံတာလက်ရမ်းပေါ်ထိုင်နေတဲ့ Mikage က ကပျာကယာ Touji ကို အခန်းထဲပြန်ဝင်ခိုင်းနေတယ် ! အလင်း ဖောက်မြင်ရတဲ့ Mikage မျက်နှာ ဖြူဖွေးဖွေးက အစိုးရိမ်ကြီးနေသလိုပဲ!
"Mikage ကျွန်တော် တောင်းပန်ပါတယ်! "
"ဘာကိုလဲ ?"
Touji ရဲ့ တောင်းပန်စကားကြောင့် Mikage က ရှုပ်ထွေးသွားဟန်နဲ့ ပြန်မေးသည်!
"Mikage ကို စိတ်ပူအောင်လုပ်မိလို့"
"ဒါဆို အခု အခန်းကို ပြန် ! ဒီမှာအေးတယ် ! "
Mikage က လက်ညိုးတထောင်ထောင်နဲ့ ကလေးကို ဆူပူနေသလိုပြောတယ်!
"လာ! Mikage ပါ အခန်းထဲလိုက်ခဲ့ ! ကျွန်တော်တစ်ယောက်ထဲ အထီးကျန်တယ်"
"ဟို....."
Touji ဆွဲခေါ်ရာကို Mikage လိုက်ခဲ့ဖို့ တွန့်ဆုတ်နေတယ်! ပြီးမှ လေသံ သဲ့သဲ့လေးနဲ့ မေးတယ်!
"ပြန်သွားပြီလား?"
"သြော်.... အမ Hiromiလား? ကြာပေါ့ ပြန်သွားတာ"
"မင်း......မင်း အဲဒီ Hiromi ဆိုတာကို ကျေးဇူးတင်သင့်တယ်...."
Mikage က မရေမရာလေသံဖြင့် အဝေးကိုငေးပြီးပြောတယ်! Mikage ရဲ့ 'Hiromi ဆိုတာကို' ဆိုတဲ့ အသုံးအနှုန်းကြောင့် Touji ရင်ထဲ ပြုံးချင်ချင်ဖြစ်သွားတယ် ! Touji ရင်ထဲ အလိုလိုမြူးတူးနေသလိုပဲ ! တစ္ဆေလေးမနာလိုနေတယ် ထင်ရဲ့ !
"ဟင့်အင်း တကယ်က Mikage ကို ပိုကျေးဇူးတင်ရမှာ ! Mikage ကြောင့်သာ သူ ရောက်လာတာ! သူ့ကိုလည်း ကျေးဇူးတင်ပါတယ်"
"ငါ....ငါက ဘာမှ မစွမ်းဆောင်နိုင်ပါဘူး"
Mikage က ကြမ်းပြင်ကို မမှိတ်မသုံစိုက်ကြည့်နေတယ်!
"ဟင့်အင်း Mikage သူ့ကို အပေါ်ထပ်ထိ ရောက်အောင်ခေါ်လာပေးတာ ! Mikage သာ မကူညီရင် သူ အိမ်ထဲတောင် ဝင်လာမှာ မဟုတ်ဖူး"
VOCÊ ESTÁ LENDO
Follow by the Wind ~ [Unicode Version]
Mistério / SuspenseTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~