When We Fall In Love Again [ Sequal ]

2.8K 305 20
                                    

*​ချောက်​ ​ချောက်​ ​ချောက်​ *

ညဉ်​့လည်​ချိန်​ စာကြည်​့ခန်​း​လေးထဲ ကွန်​ပြူတာ တ​တောက်​​တောက်​သံ​လေးက ကြီးစိုး​နေတယ်​ ! Touji တစ်​​ယောက်​ မျက်​မှန်​ကို ပင်​့လိုက်​ စာ​တွေ ရိုက်​လိုက်​နှင်​့ အချိန်​ဟာ ကုန်​လို့ ကုန်​မှန်​းမသိ ! ကွန်​ပြူတာ စခရင်​က အကြည်​့မခွာပဲ န​ဘေးက ​ကော်​ဖီခွက်​ဆီလက်​လှမ်​းယူကာ ​မော့​သောက်​လိုက်​​​တော့...

"အာ.... ​ကော်​ဖီကုန်​​နေပြီပဲ "

​ကော်​ဖီဟာ ခွက်​ထဲတင်​မဟုတ်​ န​ဘေးက ​ကော်​ဖီအိုး​လေးထဲလည်​း နတ္ထိ !

"ဘယ်​အချိန်​​တောင်​ ရှိသွားတာလဲ ?"

"ည နှစ်​နာရီခွဲ "

"အမ​လေး !!!!!"

နောက်​​ကျောတည်​့တည်​့က ထွက်​လာတဲ့ ​အေးစက်​စက်​ အသံစူးစူး​ကြောင်​့ Touji ထိုင်​ခုံ​ပေါ်က ခုန်​ထမိသွားတယ်​ !

"Mika...အဲ Jun ... လန်​့လိုက်​တာကွာ ... မင်​းမအိပ်​​သေးဘူးလား အခုချိန်​ထိ !"

"ဦး​လေးက​ရော ဘာလို့မအိပ်​​သေးတာလဲ ?"

Jun ​လေသံက မ​ကျေမနပ်​ဟန်​ !  အဲ့ဒီ့​ကောင်​​လေး မ​ကျေမနပ်​ဖြစ်​တိုင်​း Touji ကို ဦး​လေးလို့ စူပုပ်​ပုပ်​​ခေါ်တတ်​တယ်​ ! ​

အချိန်​က ​ဆောင်​းဦးမို့ ညချိန်​ဆို ခပ်​ပါးပါး​လေး ​အေးလို့​နေပြီ ! အိပ်​ယာထဲက ထလာတဲ့ Jun က ​စောင်​ပါး​လေးတစ်​ထည်​ကို ပုခုံး​ပေါ်မှာ လွှမ်​းခြုံလာတယ်​ ! သူ့မျက်​နှာဟာ စာကြည်​့ခန်​းမီး​ရောင်​မိန်​မိန်​မှာ ခပ်​​ဖျော့​ဖျော့ နဲ့ သူ့နှုတ်​ခမ်​း​လေး​တွေက အ​အေးဓာတ်​​ကြောင်​့ အနည်​းငယ်​ရဲ​နေတယ်​ ! ​စောင်​ပါး​လေး​အောက်​က သူ့ရဲ့ ညဝတ်​အကျီ ဖြူပါးပါး​လေး .... အဲ့ဒီ့​ဖြူလွလွ ညဝတ်​အကျီ ​အောက်​မှာ အသက်​ရှုလိုက်​တိုင်​း လှုပ်​ရှား​နေမယ်​့ ရင်​ခွင်​တစုံရှိတယ်​ !

Touji နှလုံးက တိတ်​ဆိတ်​တဲ့ညလယ်​မှာ ဝုန်​းဒိုင်​းကျဲလာလို့ ​ကောင်​​လေးဆီက ခပ်မြန်မြန် ​​​အကြည့်​့လွှဲလိုက်​ရသည်​ !

" ကိုယ်​ ...? ကိုယ်​က dead line နီးပြီ​လေ ! ဒါ​ကြောင်​့ ကိုယ်​အိပ်​လို့မဖြစ်​​သေးဘူး ကိုယ်​့ ဝတ္ထုကို လက်​စသတ်​ရအုံးမယ်​ !  မင်​းက​တော့ အိပ်​မှဖြစ်​မယ်​​လေ Jun ! မနက်​​ကျောင်​းတက်​ရအုံးမယ်​ ! မင်​းတို့အရွယ်​က အိပ်​​ရေးဝဝအိပ်​မှ ...."

Follow by the Wind ~ [Unicode Version]Donde viven las historias. Descúbrelo ahora