Chapter 3

2.7K 389 6
                                        

​ဖြေး​ဖြေးတိုက်​​နေတဲ့ ​အေးစိမ်​့စိမ်​့​လေ နဲ့အတူ ကျွန်​​တော်​ လမ်​း​တွေ​လျှောက်​​နေတယ်​!

ဘယ်​​နေရာမှန်​း မရင်​းနှီး​ပေမယ်​့ ကျွန်​​တော်​့​ခြေ​ထောက်​​တွေက ကျွမ်​းဝင်​​နေတယ်​.....

မပီဝိုးတဝါး အ​ခြေအ​နေ ..... မျက်​စိ​ရှေ့မှာ မြူခိုး​တွေလိုလို မှုန်​ဝါးဝါးနဲ့ .......

ဒါဘယ်​​နေရာလဲ?

​တောအုပ်​တခုလိုလို....အပင်​တချို့က ခပ်​ထီး တည်​း ရှိ​နေပြန်​တယ်​.....

ဆက်​​လျှောက်​လာရင်​း ကျွန်​​တော်​ လှမ်​းမြင်​ရတာ ....

​ကျောပြင်​တစ်​ခု.......

​လေတိုက်​တိုင်​း ထိုသူ ဝတ်​ထားတဲ့ ကုတ်​အကျီရှည်​က တဖြတ်​ဖြတ်​လွင်​့​နေသည်​!

ကျွန်​​တော်​ ​ခြေလှမ်​း​တွေက ဆန္ဒကို မ​မေးမြန်​းပဲ ​ရှေ့ကိုသာ ဆက်​လှမ်​း​နေတယ်​!

ကျွန်​​တော်​ ထို​ကျောပြင်​ဆီ ​ရောက်​လု​ရောက်​ခင်​.....ဖြတ်​ခနဲ လှည်​့လာတဲ့ သူ့ဆီက ​ခေါ်သံတစ်​ခု.....

"Touji~"

"ha.....ha....ha~"

​ချွေး​တွေရွှဲပြီး Touji ဧည်​့ခန်​းထဲက ဆိုဖာ​ပေါ်မှာနိုးလာသည်​!

မနက်​ခင်​းရဲ့ ​နေ​ရောင်​ခြည်​တချို့က ​စေ့ပိတ်​ထားတဲ့ တံခါးရွက်​​တွေ ကြားက အတင်​းတိုးဝင်​​နေတယ်​! ဆိုဖာခုံ​ပေါ်ပက်​လက်​ Touji အခုထိ အသက်​ကို ဝဝရှု​နေရတုန်​း! ​စော​စောက ကြားတဲ့​ခေါ်သံက တကယ်​ကို နားထဲ လတ်​ဆတ်​​နေတုန်​းပဲ!

"ဘယ်​သူလဲ?"

တိုးတိုး​ရေရွတ်​မိတဲ့ Toujiရဲ့ အသံ​တွေ အဖျားခတ်​တုန်​ယင်​​နေတယ်​!

ဘယ်​သူမှန်​းမသိတဲ့ ​ကျောပြင်​တခုကို ပြန်​မြင်​​ယောင်​ရင်​း Touji တကိုယ်​လုံး​မွှေးညှင်​း​တွေ ​ထောင်​ထလာသည်​! ဆိုဖာ​ပေါ်က ကုန်​းထရင်​း အိမ်​မက်​လိုလိုထဲက ရုန်​းမထွက်​နိုင်​​သေး ......

သိချင်​မိတယ်​ ဖြတ်​ခနဲလှည်​့လာတဲ့ အဲ့ဒီ့​ကျောပြင်​ရဲ့ မျက်​နှာ...

Follow by the Wind ~ [Unicode Version]Où les histoires vivent. Découvrez maintenant