Chapter 13

1.8K 266 3
                                    

Mikage ရဲ့ အစွဲအလမ်းတစ်ခု....

Mikage ကို အကောင်အထည်မဲ့ ဝိဉာဉ်ဘဝမှာ ကျင်လည်စေခဲ့သော တခုတည်းသော စွဲလမ်းမှု...

ဒီအရာက ဘာဖြစ်မလဲ Touji စိတ်ဝင်စားမိသလို ၊ မသိရသေးခင်က ထိုအရာအပေါ် မနာလိုဖြစ်မိသည်! အဖိုးရဲ့ ဒိုင်ယာရီကို အထပ်ထပ်ဖတ်ပေမယ့် အဖြေက အခုထိ မနီးစပ်သေးပေ! Mikage က မလိုတော့ဘူးဆို၍ အဖိုးကလည်း အဆုံးထိ မစုံစမ်းခဲ့တော့ Touji အခက်တွေ့နေသည်! အစောပိုင်း အမေးအဖြေ အနည်းငယ်ကသာ Touji အတွက် အားထားရာ ဖြစ်လို့နေတယ်!

အဖိုးရဲ့ သုံးသပ်ချက်တချို့အရ Mikageစွဲလမ်းနေတဲ့ အရာကို ဖော်နိုင်ဖို့ရာ သဲလွန်စများစွာက အခုအိမ်ထဲမှာ ရှိနေသည်ဟုဆိုသည်! ဒါကြောင့် အဖိုးဟာ ဒီအိမ်ကြီးကို ဝယ်ပြီး အမွေပေးခဲ့သလား Touji သံသယဖြစ်မိတယ်!

"အဟွတ်....အဟွတ်"

"အမလေး ဖုန်တွေ....အဟွတ်"

Touji စာကြည့်ခန်းထဲက စာအုပ်စင်တွေပေါ်က သဲလွန်စရနိုင်မည်ထင်သည့် စာအုပ်တိုင်းကို ဆွဲချရင်း လှန်လှောကြည့်ရှုနေသည်! နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ စာအုပ်တိုင်းက ဖုန်အထပ်ထပ်ဖုံးလွှမ်းနေသလို တချို့စာအုပ်တွေရဲ့ စာရွက်တွေဟာ ဝါကျင့်ပြီး ကြွေကျတော့မတတ်ဖြစ်လို့နေသည်! အောက်သိုးသိုး စိုထိုင်းထိုင်း အငွေ့အသက်ကို ရှုရှိုက်ရင်း စာအုပ်စင်တွေကြားထဲမှာ တစ်နေ့ကို နာရီပေါင်းများစွာ Touji ကုန်ဆုံးလေ့ရှိသည်!

"*sigh* Mikage ! ဒိုင်ယာရီလေးတစ်ခုတောင် မရေးခဲ့ဘူးလားဟင်?"

ရှေ့ချထားတဲ့ ဖုန်ထူထူ စာအုပ်ပုံထဲက ဘာသဲလွန်စမှ မရတဲ့အခါ Touji တယောက်ထဲ တိုးတိုး ငြီးမိတယ်! အကယ်၍ Mikage သာ ဒိုင်ယာရီလေးရေးခဲ့ရင် သူ့အစွဲလမ်းကို ခြေရာခံမိနိုင်သလို Touji မသိတဲ့ အတိတ်က Mikage ကို တစေ့တစောင်းသိနိုင်သည်ပဲ!

ခေတ်ကာလများစွာ ကွာခြားခဲ့တဲ့ အချိန်တုန်းက အသက်ရှင်လျှက်နေထိုင်ခဲ့တဲ့ Mikage ဟာ ဟောဒီအိမ်မှာ သူဘယ်လို နေ့စဉ်နေထိုင်ဖြစ်သန်းခဲ့လဲ? နေ့စဉ် အသက်ရှူနေတဲ့ Mikageဟာ ဒီစာကြည့်ခန်းထဲမှာ ဘယ်စာအုပ်တွေကို ပျော်ရွှင်စွာ ဖတ်ခဲ့လဲ? ဘယ်စာအုပ်တွေကိုဖတ်ပြီး ဝမ်းနည်းခဲ့ဖူးသလဲ? တချို့စာအုပ်တွေမှာ Mikage လက်မှတ်လေးနဲ့ တချို့စာသားတွေကို မှတ်ရှုထားတာလေးတွေ တွေ့ရတတ်ပေမယ့် ဒီထက်ပိုပြီး Touji သိချင်တယ်! သူ့ရဲ့ အကြိုက် အကျင့်လေးတွေက ဘယ်လိုတွေလည်း ? သူဘာတွေကို မုန်းပြီး သူဘာတွေကို ချစ်ခဲ့သလည်း?

Follow by the Wind ~ [Unicode Version]Tahanan ng mga kuwento. Tumuklas ngayon