Chapter 10

1.8K 294 5
                                        

*ဒုန်​း ဒုန်​း ဒုန်​း*

"Touji အိမ်​ထဲမှာ တဒုန်​းဒုန်​း နဲ့ မ​ပြေးနဲ့ဆို"

"ဟုတ်​"

ကျွန်​​တော်​ ​မေ​မေ့ကို လှမ်​း​အော်​ပြီး အဖိုးအခန်​းဖက်​ကို ဦးတည်​လိုက်​တယ်​!

"ဟင်​ ဖိုးဖိုးအခန်​းက ဖွင်​့လို့လည်​း မရဘူး"

"ဖိုးဖိုး​ရေ......ဖိုးဖိုး​ရေ......."

"Touji! ဖိုးဖိုးက အလုပ်​လုပ်​​နေတယ်​​လေ ဘာလို့အခန်​း​ရှေ့သွား​အော်​​နေတာလဲ လာခဲ့"

"ဟင်​ ​မေ​မေကလည်​း သားဖိုးဖိုးအခန်​းထဲ သွားချင်​တာ ဖိုးဖိုးဆီသွားချင်​တာ"

"ဖိုးဖိုး အလုပ်​လုပ်​​နေတဲ့ဆို"

"အာာာာ.....မရဘူး မရဘူး"

"Touji !!!! ​မေ​မေရိုက်​​တော့မှာ​နော်​"

ကျွန်​​တော်​ အဖိုးရဲ့ တံခါး​ရှေ့မှာ ပါး​တွေကို ဆူ​ဖောင်​းပြီး ​ပေရပ်​​နေလိုက်​တယ်​!

"Touji ​မြေး​လေး အဖိုးခဏ​နေရင်​အလုပ်​ပြီးပြီ အိမ်​​ရှေ့မှာ​ဆော့​နေ​နော်​ လိမ္မာတယ်​ ​မေ​မေကို စိတ်​တို​အောင်​မလုပ်​ရဘူး​လေကွယ်​!"

အဖိုးက အခန်​းတံခါး​လေး ဟရုံဖွင်​့ပြီး ကိုယ်​​လေးတစ်​ပိုင်​းထွက်​ကာ ကျွန်​​တော်​့ကို ​ဖြောင်​းဖြ​နေသည်​! ကျွန်​​တော်​ ခပ်​​မှောင်​​မှောင်​ အဖိုးအခန်​းထဲကို ကဲကြည်​့လိုက်​မိ​သေးတယ်​! အဖိုးက မျက်​လုံးတစ်​ဖက်​မှိတ်​ပြပြီး အချက်​ပြတယ်​! ကျွန်​​တော်​လည်​း ​မေ​မေမသိ​အောင်​ မျက်​လုံးပြန်​မှိတ်​ပြပြီး အိမ်​​ရှေ့ကို ​ပြေးထွက်​လာခဲ့သည်​!

အဖိုးက ပ​ရောဂဆရာလို့ လူ​တွေ​ပြောကြတာကြားဖူးတယ်​! ပ​ရောဂဆရာဆိုတဲ့ ​ဝေဟာရကို ကျွန်​​တော်​နားမလည်​လို့ ​မေ​မေ့ကို​မေး​တော့ ထပ်​​မေးရင်​ အရိုက်​ခံရမယ်​တဲ့ ! ​မေ​မေဟာ ကျန်​တာ​တွေ အားလုံးကို ကြင်​နာပြီး ​နွေး​ထွေးစွာ ​ပြောဆို ​ဖြေကြားတတ်​​ပေမယ်​့ အဖိုးရဲ့ အလုပ်​ကိစ္စနဲ့ ပတ်​သတ်​ရင်​ လူတစ်​​ယောက်​​ပြောင်​းလည်​းသွားသလိုပဲ!

Follow by the Wind ~ [Unicode Version]Where stories live. Discover now