Past & Present [ V-Day Special ]

1K 154 47
                                    


ကျွန်တော့်ဘဝမှာ အိပ်မက်တွေကို မှတ်မိတတ်တဲ့ အရွယ်ကစလို့ လူတစ်ယောက်ကို မှတ်မှတ်ထင်ထင်ဖြစ်နေခဲ့မိတာ ။

အဲဒီသူ ။

နီညိုရောင် ဆံပင်လိပ်ခွေခွေလေးတွေနဲ့ အဲဒီသူ ။

ဘယ်သူမှန်း မသိခဲ့ပေမယ့် သူဟာ ကျွန်တော့်ရဲ့ အိပ်မက်တွေကို အပိုင်သိမ်းထားခဲ့တယ် ။ ကျွန်တော့်အိပ်မက်တွေထဲမှာ သူဟာ တစ်ခါတစ်လေ ကွန်ပြူတာရှေ့မှာ စာတွေ ရိုက်နေခဲ့တယ် ။  သူဟာ တစ်ခါတစ်လေ တစ်ယောက်တည်း ဟင်းချက်နေခဲ့တယ် ။ သူဟာ တစ်ခါတစ်လေ စာအုပ်စင်တွေကြားမှာ တစ်စုံတစ်ရာကို ရှာဖွေနေသလိုပဲ ။ သူဟာ တစ်ခါတစ်လေ ဖရုံသီးရောင် အခန်းလေးထဲက ကုတင်လေးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တယ် ။ သူဟာ တစ်ခါတစ်လေ နှစ်နှစ်ကာကာ ပြုံးလို့ ။ သူဟာတစ်ခါတစ်လေ ဆွေးဆွေးမြေ့မြေ့နဲ့ ကြည့်နေတတ်ပြန်တယ် ။

ကျွန်တော့်ရဲ့ သူ့အကြောင်း အိပ်မက်တွေဟာ အသက်အရွယ်နဲ့ အမျှ ပြောင်းလဲလာတယ် ။ နောက်တော့ ကျွန်တော် သိရှိလာရတာက တကယ်တမ်း ပြောင်းလဲလာတာ အိပ်မက်တွေမဟုတ် ။ အိပ်မက်ထဲက ထိုသူရဲ့ ပုံရိပ်တွေမဟုတ် ။ အိပ်မက်တွေကို ခံစားမိတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေပဲ ။

ကျွန်တော် သိတတ်စ အရွယ်မှာ ထိုသူကို အိပ်မက်ထဲမှာ မြင်မက်မိတဲ့အခါ ရင်းနှီးကျွမ်းဝင်ပြီး ဆွေရင်းမျိုးရင်း တစ်ယောက်လို ခံစားချက်က ရင်ထဲမှာ ကျန်ရစ်ခဲ့တယ် ။ ကျွန်တော့် မေမေကို အမြဲ မေးမိတယ် ။

" မေမေ သားတို့ အမျိုးထဲမှာ ဆံပင်နီညိုရောင် လိပ်ခွေခွေလေးတွေနဲ့ အရပ်မြင့်မြင့် အစ်ကိုကြီး တစ်ယောက်ရှိလား ?"

အဲဒီ မေးခွန်းကြားတိုင်း မေမေဟာ ရှုပ်ထွေးသွားဟန် ဇဝေဇဝါနဲ့ ကျွန်တော့်ကို ပြန်ကြည့်နေလေ့ရှိတယ် ။ ကျွန်တော်ကလည်း အလျဉ်းသင့်တိုင်း မေးမေးနေမိတယ် ။ နောက်ဆုံးတော့ မေမေဟာ ကျွန်တော်တို့ ဆွေမျိုးအားလုံးရဲ့ ဓာတ်ပုံတွေ ရှာယူလာပြီး ကျွန်တော်ကို ပြပေးခဲ့တယ် ။ အဲဒီနောက် သူပြောခဲ့တာက...

"ဂျွန်း...  ဒါက မေမေတို့ ဆွေမျိုး မိသားစု အားလုံးရဲ့ ပုံတွေပဲ...  သားပြောတဲ့သူကို မေမေတော့ စဉ်းစားလို့ မရဘူးသားရယ်...  သား တစ်ခြား တစ်နေရာရာမှာ မြင်ဖူးပြီး အမှတ်တမဲ့ မှတ်မိနေတဲ့ လူစိမ်းတစ်ယောက်ယောက် ဖြစ်မယ်ထင်တယ်"

Follow by the Wind ~ [Unicode Version]Where stories live. Discover now