Chapter 5

2.3K 351 17
                                        

"Mikage"

Touji နားထဲမှာ နာမည်​က ပဲ့တင်​ထပ်​လို့​နေသည်​! ငြိမ်​သက်​သွားတဲ့ အခန်​းထဲမှာ Touji မျက်​လုံး​တွေကို အသာဖွင်​့ကြည်​့လိုက်​တယ်​!

အခု​တော့လည်​း အခန်​းက သူမဟုတ်​သလို ငြိမ်​သက်​တိတ်​ဆိတ်​လို့ .....​စော​စောက ​ပိတ်​လို့သွား​သော အခန်​းတံခါးဝက အနည်​းငယ်​ဟလို့​နေသည်​!

Touji မြင်​လိုက်​ရတဲ့ သူဟာ ဘာလဲ? သူ့ရဲ့ ပင်​လယ်​​သေ​တွေလို မျက်​လုံး​တွေက ​အေးစက်​လွန်​းတယ်​လို့ ထင်​ရ​ပေမယ်​့ သူစိမ်​းမဆန်​ဘူး! သူက မြို့ထဲက လူ​တွေ​ပြောကြတဲ့ ဒီအိမ်​ကြီးက တ​စ္ဆေလား?

"HAHAHAHAHAHAHHA AHAHAHAHAHA!!!!!!"

Touji ဝမ်​း​ခေါင်​းသံနဲ့ ဝါးလုံးကွဲ ​အော်​ရယ်​ပစ်​လိုက်​တယ်​! မသိရင်​ ဒီက တ​စ္ဆေက သူလားလို့ ထင်​နိုင်​စရာရှိသည်​! မသကာ ​စော​စောက တ​စ္ဆေ​တောင်​ သူ့ရယ်​သံ​ကို လန်​့ပြီး ထွက်​​ပြေးသွားနိုင်​တယ်​!

"na~ Mikage ....အဲ Mikage san! ခင်​ဗျားက တ​စ္ဆေလားဟင်​! ကျွန်​​တော်​​တော့ ပွ​ပေါက်​တိုးတာပဲ တ​စ္ဆေအ​ကြောင်​း တကယ်​့တ​စ္ဆေကို​မေးပြီး ဝတ္ထုတစ်​အုပ်​ထုတ်​ရရင်​ ​သောက်​ကျိုးနဲ ​ရောင်​း​ကောင်​းမှာဗျ"

*ဒုန်​း*

"အမ​လေး!!"

အခန်​းတံခါးက ဝုန်​းခနဲ​ဆောင်​့ပိတ်​သွားတယ်​! ကြည်​့ရတာ Mikage က မကြိုက်​ဖူးထင်​တယ်​! Touji တကိုယ်​လုံး ​မွှေးညှင်​း​တွေ ဖြန်​းခနဲ​ထောင်​ထသွားသည်​ !

"ဟို ....Mi...Mikage san! မလုပ်​ပါဘူး အဲ့ဒီ့လို အဟဲ ကျွန်​​တော်​က ​နောက်​...​နောက်​တာပါ! Mi..Mikage san~"

အခန်​း​မှောင်​​မှောင်​ထဲ ​ကြောက်​​ကြောက်​လန်​့လန်​့နဲ့ ရှိလားမရှိလား မ​သေချာတဲ့ ဖြူစွတ်​စွတ်​တ​စ္ဆေကို Touji ​တောင်​​းပန်​​နေမိတယ်​! အခန်​းရဲ့​လေထုက ပုံမှန်​ပြန်​ဖြစ်​သွားသည်​! Touji လက်​ထဲက ဖုန်​းမီးကို ပြန်​ဖွင်​့လိုက်​ပြီး အခန်​းထဲ ​တောင်​ထိုး ​မြောက်​ထိုးနဲ့ တ​စ္ဆေကို ​တွေ့လို​တွေ့ငြားရှာကြည်​့​နေမိသည်​!

**မရှိ​တော့ဘူး! အပြင်​များထွက်​သွားပြီလား?**

Touji ကြမ်​းပြင်​​ပေါ်မီးထိုးကြည်​့လိုက်​တယ်​! ​ဖုန်​တင်​​နေတဲ့ ကြမ်​းပြင်​​ပေါ် ​ခြေရာများထင်​ကျန်​လို ကျန်​ငြား​ပေါ့!

Follow by the Wind ~ [Unicode Version]Où les histoires vivent. Découvrez maintenant