"Mikage!!!"
တံခါးမကြီးသော့ကို အလျင်စလိုဖွင့်ပြီး အိမ်ထဲကို အလဲလဲအပြိုပြိုပြေးဝင်ရင်း Touji Mikage ကို အော်ခေါ်နေမိတယ်!
"Mikage !!!!! Mikage ဘယ်မှာလဲ??????"
လေထုဟာ ရုတ်တရက် နွေးထွေးလာသလိုပဲ...
"ဘာလို့ဆူနေတာလဲ?"
ဧည့်ခန်းမအလယ်မှာရှိတဲ့ လှေကားမကြီးရဲ့ လှေကားထစ်ပေါ်မှာ ထိုင်နေတဲ့ Mikage က အေးစက်စက်မေးသည်!
"Mikage!!!!"
Touji အထုတ်တွေ ပစ်ချပြီး Mikage ဆီပြေးသွားမိတယ်! ထိုင်နေတဲ့ Mikage ရှေ့ ရပ်ကာ Mikage ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေမိသည်! Mikage ကတော့ Touji ရင်ထဲ ဘာတွေ ဖြစ်နေလည်း သိပုံမရ သူ့ရဲ့ မီးခိုးရောင် မှုန်မှိုင်းမှိုင်း မျက်ဝန်းတွေနဲ့ Touji ကို မော့ကြည့်နေသည်!
"Mikage~"
တိုးတိုးညင်သာစွာ ခေါ်ရင်း Touji Mikage ကို ထွေးဖက်ထားလိုက်သည်! Touji တကိုယ်လုံး ရေခဲပုံးနဲ့ လောင်းချခံလိုက်ရသလိုပဲ!
"ဘာ....ဘာလဲ? ဖယ်...ဖယ်စမ်း"
"ခွင့်လွှတ်ပါ ......Mikage ခွင့်လွှတ်ပါ ကျွန်တော့်ကို ခွင့်လွှတ်ပါ .....ကျွန်တော့်...ကို...."
Touji စကားသံတွေ ပျောက်ဆုံးကုန်တယ်!
နှစ်ပေါင်းများစွာ.....
နှစ်ပေါင်းများစွာ Mikage ကို တယောက်ထဲ အထီးကျန်စွာ ပစ်ထားခဲ့မိတာကြောင့် Touji ယူကျုံးမရဖြစ်မိတယ်!
"မင်း...သတိရလာပြီပေါ့"
Mikage အသံဟာ တည်ငြိမ် အေးစက်နေဆဲ.....
ကတိမတည်တဲ့ ကလေးကို Mikage တကယ်ပဲမုန်းသွားပြီ ထင်ပါတယ် !
အဲ့ဒီ့အတွေးက Touji ကို နှိပ်စက်နေတယ်!
"Mikage ကျွန်တော့်ကို မုန်းသွားပြီလားဟင်?"
Touji Mikage ရှေ့မှာ ဒူးထောက်ထိုင်နေရင်း ခေါင်းကို ငုံ့ထားတယ်! မျက်လုံးတွေက ဖုန်တင်နေတဲ့ ကြမ်းပြင်ကို ငေးကြည့်နေမိသည်!
"မင်းဆံပင်တွေက ငယ်ငယ်ကထက် ပိုကောက်လာတာပဲ! ကြည့် .... ငှက်သိုက်လိုတောင်ဖြစ်နေပြီ"
ESTÁS LEYENDO
Follow by the Wind ~ [Unicode Version]
Misterio / SuspensoTouji is a writer who wrote thriller but he dosen't believe ghost! One day he receive the letter from his grandpa , and then the mystery begins~ This story is my own story ! Please enjoy^ ^ ~