Chapter 8

1.8K 316 15
                                    

Touji ခရီးထွက်​ဖို့ အထုတ်​ပြင်​​နေ​တော့ န​ဘေးကို Mikage ​ရောက်​လာသည်​ !

"မပြန်​ဘူးဆိုတဲ့ သူက အထုတ်​ပြင်​​နေတယ်​"

"အင်​....မဟုတ်​ပါဘူး Mikageရ ကျွန်​​တော်​အခုက မြို့ပြန်​မှာမဟုတ်​ဖူး ခရီးတစ်​ခုထွက်​မလို့"

"ခရီး?"

"အင်​း အဖိုးအိမ်​ကိုသွားမလို့"

Mikage မျက်​နှာက ​တွေ​ငေးသွားသလိုပဲ !

Touji လက်​ကိုင်​အိတ်​ကို တင်​းတင်​းဆုတ်​ထားမိတယ်​ !

Mikage နဲ့ အဖိုးရဲ့ ပတ်​သတ်​မှု......

ဘာမှန်​း​သေချာမသိ​ပေမယ်​့ Touji အသက်​ရှုမဝဘူး !

တမလွန်​က အဖိုးကို မနာလိုဖြစ်​​နေရတဲ့ ကိုယ်​ဘဝကိုယ်​ သနားလာသလိုပဲ....

"ဘယ်​နှစ်​ရက်​ကြာမှာလဲ?"

ခပ်​လှမ်​းလှမ်​းမှာ နံရံမှီရင်​း Mikage က တိုးတိုး​မေး​နေတယ်​ !

"ဘာလဲ ကျွန်​​တော်​မရှိ​တော့ အထီးကျန်​လို့လား?"

"နား​အေးသက်​သာတယ်​​ပြောတာ"

"အင်​းပါ​လေ ဟုတ်​မှာပါ အရင်​ရက်​​တွေက​တောင်​ ကျွန်​​တော်​့ကို ပစ်​ထားတာ"

Touji Mikage နားတိုးကပ်​ပြီး ​ပြောလိုက်​​တော့ Mikage က မျက်​နှာလွှဲသွားတယ်​ !

ပုခုံးစွန်​း တဖက်​မှာ ဖဲကြိုးနက်​က​လေးနဲ့ စည်​း​နှောင်​ထားတဲ့ ​Mikageရဲ့ ငွေ​ရောင်​ဆံပင်​​လေး​တွေကို Touji အသာယူငင်​နမ်​းရှိုက်​လိုက်​မိသည်​!

"ဘာလုပ်​တာလဲ!!!!!"

Mikage က Touji ကို တွန်​းဖယ်​ပြီး ​ပျောက်​ကွယ်​သွားတယ်​ !

ရှက်​တတ်​တဲ့ တ​စ္ဆေ​ကြောင်​့ Touji နှလုံးက က​မောက်​ကမ ခုန်​လှုပ်​လာသည်​ ! တ​နေ့က ​ပျောက်​ကွယ်​သွားပြီး ရက်​အနည်​းငယ်​ ​ပေါ်မလာတာ ဘာ​ကြောင်​့လဲဆိုတာ Touji နားလည်​လိုက်​သလိုပဲ !

Touji မျက်​နှာကို လက်​ဝါးနဲ့ အုပ်​ပြီး ပြုံး​နေမိတယ်​ !ရင်​ထဲမှာ တရုတ်​နှစ်​သစ်​ကူးပွဲကျင်​းပနေသည်​!

တ​စ္ဆေဟာ Touji ကို လွမ်​း​မော​အောင်​လည်​း လုပ်​နိုင်​သလို အတိုင်​းမသိ​ပျော်​​အောင်​လည်​း လုပ်​နိုင်​သည်​ပဲ !

Follow by the Wind ~ [Unicode Version]Tempat cerita menjadi hidup. Temukan sekarang