Chapter 9

1.8K 301 5
                                    

ရထားက ဥသြသံ ဆူညံစွာ​ပေးပြီး ခရီးဆက်​သွားတယ်​.....

ဘူတာရုံအို​လေးထဲ Touji တစ်​​ယောက်​ ​ခြေစုံရပ်​ပြီး ကျန်​​နေခဲ့သည်​.....

နှစ်​​ပေါင်​းများစွာ ​ဝေးကွာခဲ့ပြီးဖြစ်​တဲ့ မွေးရပ်​​မြေက Touji အတွက်​ ပြုပြင်​မွမ်​းမံထားတဲ့ အိမ်​​ဟောင်​း​လေးလိုပဲ.....

တချို့​နေရာ​တွေက ​ပြောင်​းလဲနေ​ပေမယ်​့ တစ်​ချို့​နေရာ​တွေက အရင်​က အ​ငွေ့အသက်​ကို ပြန်​ခံစားရ​စေသည်​!

လမ်​းမှာ​တွေ့တဲ့သူ​တွေကို​မေးရင်​း Touji ​အဖိုးအိမ်​ကို ​နောက်​ဆုံး ဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​လို့လာသည်​!

အိမ်​ခြံဝင်​း​ရှေ့ရပ်​ရင်​း....အဖိုးအိမ်​ ခြံဝင်​းကျယ်​ကျယ်​.... ​ရှေး​ဟောင်​းရိုးရာ သစ်​သားအိမ်​ကျယ်​ကျယ်​ ကိုပြန်​မြင်​ရ​တော့ Toujiငယ်​ဘဝပုံရိပ်​တချို့ကို ပြန်​​အောင်​့​မေ့လာတယ်​!

အခုအိမ်​ခြံဝင်​း​ရှေ့ကွက်​လပ်​​လေးမှာ ကျွန်​​တော်​အမြဲ ကစားခဲ့တဲ့အချိန်​​တွေ......

ခြံဝင်​းထဲ ​ပြေးရင်​းလွှားရင်​း ကျွန်​​တော်​ရယ်​.....​နောက်​.....

......?

ကျွန်​​တော်​ရယ်​.......

ဘယ်​သူလဲ.....?

မှန်​းဆဖို့ခက်​တဲ့.....မပီဝိုးတဝါး ပုံရိပ်​တချို့​ခေါင်​းထဲ ဖြတ်​​ပြေးလာတယ်​....

ဘယ်​သူနဲ့လဲ?

"မင်​းဘယ်​သူလဲ ​ကောင်​​လေး?"

"U.....waaaahhhhhh~"

ရုတ်​တရက်​နား နား ကပ်​ကြားလိုက်​ရတဲ့ ​အသံ​ကြောင်​့ Touji အလန်​့တကြား ​ဘေးကိုခုန်​ဆုတ်​လိုက်​တယ်​!

အဖိုးအိုတစ်​​ယောက်​က Toujiကို မျက်​​မှောင်​ကျုတ်​ပြီး ​စေ့​စေ့ကြည်​့​နေ​လေသည်​!

*ဘယ်​....ဘယ်​သူလဲ? ဒီ အဖိုးကြီးက ဘယ်​သူလဲ!!!!!!!! 😰*

"Arrrrrrr မင်​း Touji မဟုတ်​လား Murakami san ရဲ့ ​မြေး​လေး Touji ! ဟုတ်​တယ်​မဟုတ်​လား​ဟေ့"

အဖိုးကြီးက Touji ကို ​စေ့​စေ့ကြည်​့ရင်​းက မှတ်​မိသွားပုံဖြင်​့ ဝမ်​းသာအားရ ​ရေရွတ်​​လေသည်​!

Follow by the Wind ~ [Unicode Version]Where stories live. Discover now