' ဝမ်ရိပေါ်!.. ဝမ်ရိပေါ်!.... ဝမ်ရိပေါ်!.... 'မီးရောင်စုံ ဖြာနေတဲ့ Stage ပေါ်မှာ ကခုန်နေတဲ့ ကောင်လေးတစ်ယောက် ....
သူ့နာမည်က ဝမ်ရိပေါ်.......
ကနေရင်းနဲ့ ရုတ်တရက် လုပ်လိုက်တဲ့ Wink တစ်ချက်ကြောင့် အောက်က Fangirl မလေးတွေက အလူးအလဲ ထအော်ကြတယ်....
သီချင်းအဆုံးသတ် သွားတဲ့ အချိန်မှာ သူ့ Fan တွေကို ကြည့်ပြီး လက်တွေကို ဝှေ့ယမ်းပြီး ဆွဲဆောင်မှု ရှိရှိပြုံးပြလိုက်တယ်....
ချက်ချင်းဆိုသလိုပဲ မျက်နှာကို အလုံးလိုက် လာစင်တဲ့ ရေတွေ....
' ဟဲ့ .. အခိုင်းအစေကောင် နင် မထနိုင်သေးဘူးလား.... စောက်လုပ် မလုပ်တော့ဘူးလား!..... ဟဲ့ကောင်!... '
နားထဲ တိုးဝင်လာတဲ့ ငှက်ဆိုးထိုးသံကြောင့် အလူးအလဲ ထထိုင်လိုက်ပေမယ့် ရိပေါ် တစ်ကိုယ်လုံးရော တစ်ခုတည်းသော ရှိတဲ့ မွေ့ယာ ဟောင်းနွမ်းနွမ်းလေးကပါ ရေတွေ စိုရွှဲနေခဲ့ပြီ...
ရိပေါ် သက်ပြင်းကို ခပ်ကျိတ်ကျိတ်ချရင်း လှည့်ကြည့်လိုက်တော့ အိမ်ရဲ့ နံပါတ်၂ သခင်မလေး ဝမ်မေ့အော် က ခါးထောက်ပြီး ခပ်စူးစူးကြည့်နေတယ်...
ဘေးမှာတော့ အိမ်က အကူကောင်မလေး လင်းလင်းက ရေပုံးလေးကိုင်ပြီး ခေါင်းငုံ့နေတယ်....
အမှန်တော့ ဝမ်မေ့အော်က ရိပေါ့်ထပ် ငယ်တယ်....
ဒီဝမ်အိမ်တော်ကြီးမှာ ရိပေါ်ရဲ့ ပါးပါး မရှိတော့ကတည်းက ဦးလေးဖြစ်တဲ့ ဝမ်ကျောက်ရန်က (ပတ်ဝန်းကျင် အမြင်မှာ) ရိပေါ့်ကို စောင့်ရှောက်ဖို့ဆိုပြီး ဝမ်အိမ်တော်ပေါ်ကို မိသားစုလိုက် ရောက်လာပြီး လက်ဝါးကြီးအုပ်လိုက်တော့တာပဲ...
ဖခင်ကို လောလောလတ်လတ် ဆုံးရှုံးလိုက်ရတဲ့ ရိပေါ်က ၁၀နှစ်သာသာရယ်မို့ ခုခံနိုင်တဲ့ အစွမ်းအစ မရှိခဲ့ ....
အဲ့ဒီတော့ ရိပေါ်လည်း သခင်လေးရာထူးက ပြုတ်ပြီး နေရာကိုလည်း အရင်အခန်းကျယ်ကြီးကနေ ဝန်ထမ်းတန်းလျားက ထပ်ခိုးအစုတ်လေးပေါ် ရောက်သွားရတယ်ဆိုပါတော့...
အတွေးထဲက ထွက်ပြီး အိပ်ယာပေါ်က ကုန်းထပြီး စာရေးစားပွဲ အပုလေးပေါ်က စာအုပ်တွေ ယူပြီး ဝမ်မေ့အော် လက်ထဲ ထည့်ပေးတော့ ဆတ်ခနဲ ဆွဲယူပြီး လှည့်ထွက်သွားတယ်.....

YOU ARE READING
21st Century Cinderella Story
Fanficတကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to Another Cinderella Story of Selena Gomaz... မူရင်း Movie နဲ့ တူတာတွေ လည်း ပါပြီး မတူတာတွေ လည်း ပါပါတယ်♡ တကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to...