Chapter 1

32.8K 1.6K 156
                                    


" ဆရာ..ဆရာ..ကျွန်တော် မသေချင်ဘူး..ဒါ‌ပေမယ့် ကျွန်တော် မ ရ တော့ဘူး..."

" နည်းနည်းလောက်တောင့်ထားပါ..."

" ဒါလေး...ဒါလေး...သူ့ကို ..သူ့ "

တီ...တီ...တီ...

"" Dr. Wang..မရတော့ဘူး...""

ချလွင်...ချလွင်...ချလွင်...

ပြင်းထန်လွန်းသော ဒဏ်ရာတွေကြောင့် အသက်မမီမှန်းသိသော်လည်း မှီလိုမှီငြား ရသ‌လောက်ကယ်တင်နေမိတာ...

သူ့ dead body ကိုဆွဲထုတ်သွားတဲ့အထိ ကျွန်တော် အဲ့‌နေရာကနေ မရွှေ့မိ...။ နောက်ဆုံးချိန်ထိ သူ့အသက်ရှင်ချင်စိတ် ပြင်းပြမှုနဲ့ တောင့်ခံထားမှုက ကြောက်စရာမို့ တကယ် တော်တော်လေး စိတ်မကောင်း...

သူ ခုနက ကျွန်တော့်ကို ကမ်းပေးလာတဲ့ ဆွဲကြိုးလေးကို ကောက်ယူလိုက်ကာ ဂျူတီကုတ်ထဲထည့်ပြီး အရေးပေါ်ခန်း အပြင်ဘက်သို့ ထွက်လာလိုက်တော့သည်...



" ဟူး ပင်ပန်းလိုက်တာ..."

" စီနီယာ ဘယ်လိုလဲ...ပထမဆုံးနေ့အတွေ့အကြုံ..."

" မြင်တဲ့ အတိုင်းပဲလေ...သေလိုက်တာ တဖြုတ်ဖြုတ်ပဲ..စိတ်တောင်ညစ်သွားတယ်..."

" ဒီမှာက အဲ့လိုပဲ စီနီယာရေ...နောက်လည်း စီနီယာ ဒါမျိုးတွေ အများကြီး ကြုံရဦးမှာ...။ရှေ့တန်းမှာ စစ်ထွက်တိုက်‌‌ပေးနေရတဲ့လူတွေက  တကယ့်ကို သနားဖို့ကောင်းတယ်... အခုလည်း ကျန်ခဲ့တဲ့ သူတို့မိသားစုတွေကို အကြောင်းကြားပေးရဦးမယ်..စီနီယာ ခဏနားလိုက်ဦးနော်..."

" အင်း..ခဏ‌နေ ပြန်လိုက်ခဲ့မယ်..."

" ဟုတ်...။ အာ...ဒီ Diary စာအုပ်လေး ခဏသိမ်းထားပေးပါဦး..ဒါ ခုန ဆုံးသွားတဲ့ ဗိုလ်မှူးကျန်ခဲ့တဲ့ စာအုပ်ထင်တယ်...သူ့မိသားစုဆီအကြောင်းကြားမယ့်သူတွေနဲ့ တစ်ခါထဲ ထည့်ပေးလိုက်မယ်..."

" အင်း..အင်း..."

ကျွန်တော်နဲ့ အသားမကျသေးတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် စိတ်ပင်ပန်းသွားတာမို့ မှီချပြီး မျက်လုံးမှိတ်ထားလိုက်တော့မှ အိတ်ထဲက ဖုန်းမြည်သံကြောင့် ပြန်ထထိုင်လိုက်ရတယ်...

Imperfection (Season 1) [Completed]Where stories live. Discover now