ကျွန်တော် ကော စိတ်ဆိုးသွားတာကို ချော့ဖို့ Duty ပြီးတာနဲ့ သူကြိုက်တယ်ဆိုတဲ့ ဖက်ထုပ်တွေ ဝင်ဝယ်ခဲ့လိုက်ပြီး အိမ်ကို အမြန်ပြန်လာခဲ့လိုက်သည်...ဗိုလ်မှူးယွမ်ရဲ့ Diaryစာအုပ်က ကျွန်တော့်အတွက်တော့ crush ကိုလိုက်နည်း နည်းလမ်းစာအုပ်လိုပင်...။ ကောက ထင်ထားတာထက် ကိုင်တွယ်ရခက်မှန်း ရိပ်မိတာမို့ ခုလို စာအုပ်ထဲက ရေးထားတာတွေ လိုက်လုပ်ကြည့်နေမိတာ...။ ကော အချစ်ကို ဗိုလ်မှူးယွမ်တို့များ တစ်လအတွင်း ဘယ်လိုရအောင် လုပ်ခဲ့လဲမသိဘူး....
ကျွန်တော် အိမ်ပြန်ရောက်တော့ ကောက အခန်းထဲမှာ ပန်းချီထိုင်ဆွဲနေတုန်းမို့ သူ့နားလျှောက်သွားလိုက်တယ်...
" ကော...ဒီမှာကြည့် ကောအတွက် ဖက်ထုပ်ဝယ်လာတယ်..."
မုန့်ကို တစ်ချက်လှမ်းကြည့်ပြီး ပြန်ဆက်ဆွဲသွားတာ...
" ကော..နောက်မှဆွဲတော့နော်..တစ်နေ့လုံးဆွဲနေတာပဲကို နားလိုက်ပြီး စားလိုက်ဦးနော်..."
" ငါ ထမင်းစားပြီးပြီ...မစားတော့ဘူး..."
" အပိုတွေ..မားကိုမေးပြီးပြီ...ကြောင်စာလောက် စားတာကိုများ..."
" ဟက်...ငါက မင်းပြန်တောင်မလာဘူးထင်နေတာ...ဆေးပတ်ကုရမှာဆိုတော့လေ...."
" အာ..ကောကလည်း အဲ့ဒါ ဒီအတိုင်း ဟိုအကောင့်ရှေ့မို့ တမင်ပြောလိုက်တာပါ...တကယ် အိမ်ထိသွားကုစရာလား..."
" မင်းကို ဖုန်းမဆက်သေးလို့ ဖြစ်မှာပေါ့...ဖုန်းဆက်ရင် သွားကုချင်ကုမှာပဲလေ..."
" အမ်...ဘာလဲ ကော ကျွန်တော့်ကို သဝန်တိုနေတာလား..."
" တိုစရာလား...မင်းလို ချောချောလှလှမြင်တိုင်း ငမ်းငမ်းတက် ဖွန်ကြောင်ချင်နေတဲ့ကောင်ကို ယူမယ့်သူရှိရင် တစ်ခါထဲ ပြန်အမ်းထုတ်လိုက်မှာ...။ သွားတော့ ငါ့လာမရှုပ်နဲ့..."
" ကောမစားရင် မသွားဘူး..."
သူ့ဘေးက ခုံရှည်ကို ကျွန်တော့်ဘေးဆွဲပေးလာပြီး...
" မသွားရင် ထိုင်ကြည့်နေ...လုပ်ချင်တာလုပ်..."
ဘုရားရေ...သူ့ကို အဲ့လောက် ချော့ရခက်မယ်မှန်း ကျွန်တော် တကယ်မထင်ထားမိတာ...
CZYTASZ
Imperfection (Season 1) [Completed]
Fanfictionစောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှော်ငေးခြင်းကို ရွေးမယ်နော် ကိုကို... ဒီတစ်ဘဝလုံးတော့ ကိုကို့ကိုပဲ မျှော်ငေးပြီး အေးချမ်းနေချင်တော့တယ်... (Crd.❤️) ...