" Xiaozhan...တံခါးဖွင့်နော် ရေချိုးခန်းထဲ ဒီလို ပြေးပုန်းနေလို့ မရဘူး...ခုချက်ချင်း တံခါးဖွင့်စမ်း...။ Xiaozhan...ငါ လူကြီးတွေကို နိုးအောင် မလုပ်ချင်ဘူးနော်.."အပြင်က Yibo ခေါ်နေတာ ကြားသော်လည်း
ကျွန်တော်ဘာမှမလုပ်ချင် ပြန်လည်းမပြောချင်...။ ပြည့်လာနေတဲ့ ရေချိုးကန်ထဲ ခေါင်းကိုသာ နှစ်ချလိုက်ရင်း...." Yan Yan...ကော...စောင့်နေကြပါ ကျွန်တော် လည်း လိုက်လာခဲ့ပြီ..."
ဒုန်း....ဒုန်း.....ဒုန်း....။ ဘယ်လောက်ထုထု ရေသံသာကြားပြီး တုံ့ပြန်သံမကြားတာမို့ ရေချိုးခန်းသော့ကို အံဆွဲတွေထဲ အမြန်ရှာကာ ဖွင့်ချလိုက်ရတယ်...။ မြင်လိုက်ရတဲ့ မြင်ကွင်းက လူကို ကြက်သေ သေသွားစေတာ...
ရေကန်ထဲ နစ်၀င်နေတဲ့ သူ့ကို အမြန်ကောက်ဆယ်ရင်း ကုတင်ပေါ် ပွေ့ချီလာလိုက်ရတယ်...
" Xiaozhan...ခင်ဗျား ဒီလောက်နဲ့ လွယ်လွယ်ကူကူ မသေရဘူး...ခင်ဗျားက ကျွန်တော်နှိပ်စက်ဖို့ ရှင်သန်နေတဲ့လူဖြစ်ရမယ်..."
သွေးခုန်နှုန်းကို စမ်းကြည့်တော့ နှလုံးက စဖောက်နေပြီ...။ လောလာဆယ် ရေထဲနစ်ထားတာမို့ ခန္ဓာကိုယ်ထဲ ၀င်နေတဲ့ ရေတွေကို နှုတ်ခမ်းကနေ လေရှုသွင်းပြီး ထုတ်ပေးလိုက်သော်လည်း ရေတွေက ထွက်မလာ....
အတော်ပျော့တဲ့ ခန္ဓာကိုယ်ပဲ...။ သူ့ကိုယ်ကို ပုခုံးပေါ်ထမ်းရင်း ကျောကိုပွတ်သပ်ပေးလိုက်မှ...
ဝေါ့...သူ ရေတွေ အန်ထွက်လာတယ်...။ ရေတွေအားလုံးထွက်သွားမှ ကုတင်ပေါ် ပြန်ချပေးလိုက်သည်...။ သူ့နှုတ်ခမ်းတွေလည်း ပြာနှမ်းနေပြီ...
" ဘယ်လို လူလဲကွာ...သတ်တောင်မသတ်ရသေးဘူး...အတင်းသေချင်နေပါလား..."
ပျော့ဖတ်နေတဲ့ ခန္ဓာကိုယ်ကို ထူမရင်း အ၀တ်လဲပေးဖို့ ပြင်လိုက်တယ်...။ ဖြူဖွေးပြီး ပြားချပ်နေတဲ့ ရင်ဘတ်ဖြူဖြူကို မြင်လိုက်ရတော့ သူ့ခန္ဓာကိုယ်က ကျွန်တော့်ကို တစ်ခုခုဆွဲဆောင်နေသလိုပင်...
မျက်လုံး မြန်မြန်လွှဲလိုက်ရပြီး...ခုချိန် သူ့အခြေနေမကောင်းတာကို အာရုံပြန်စိုက်ကာ အ၀တ်တွေသာ အမြန်လဲပေးလိုက်ရတယ်...။ လဲပြီးတာနဲ့...ကားထဲမှာ ဆောင်ထားတဲ့ ဆေးသေတ္တာကို သွားပြေးယူလိုက်သည်...

ŞİMDİ OKUDUĞUN
Imperfection (Season 1) [Completed]
Hayran Kurguစောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှော်ငေးခြင်းကို ရွေးမယ်နော် ကိုကို... ဒီတစ်ဘဝလုံးတော့ ကိုကို့ကိုပဲ မျှော်ငေးပြီး အေးချမ်းနေချင်တော့တယ်... (Crd.❤️) ...