Chapter 13

10K 997 110
                                    


" ကော...စားလေ...ဒီဆိုင်ကို ကောကြိုက်တယ်မလား..."

" Wang Yibo မင်းမှန်မှန်ပြော...ငါ့အကြောင်းတွေ မင်းဘယ်လောက်တောင် စုံစမ်းထားတာလဲ..."

ကျွန်တော်တို့ မင်္ဂလာပွဲပြီးတဲ့ အချိန်က နေ့လည်စာ စားချိန်တောင် လွန်နေပြီမို့ ဘုရားကျောင်းနဲ့ သိပ်မဝေးတဲ့ ဒီဆိုင်လေးမှာ စားဖို့ထွက်လာခဲ့ကြတာ...။ အစက ဒီဆိုင်မှာ သွားစားဖို့ ကျွန်တော်ပြောမယ်ပဲရှိသေး...သူက ဒီနေရာကို မောင်းချလာတာမို့ အံ့ဩမိတာ...တိုက်ဆိုင်တာတွေ များပြီ...

ကောက သိပ်မယုံတော့တဲ့ပုံမို့ မမကို အကြောင်းပြပြီး လိမ်ရတော့တယ်...။ စာအုပ်ထဲက ခိုးကြည့်ထားတာသာသိရင် စိတ်ဆိုးလိုက်မယ့် ဖြစ်ချင်း...။ အဲ့စာအုပ်တောင် သူတွေ့သွားမှာစိုးလို့ ဆေးရုံမှာပဲ အမြဲထားခဲ့တာ...

" မမကို အရင်ထဲက ကော ဘာကြိုက်လဲ ဘာလုပ်ချင်လဲ ဘာစားတတ်လဲ ဘယ်နေရာတွေသွားတတ်လဲ မေးထားတာလေ...။ ကျွန်တော် ကောကို ဟိုမှာထဲက သဘောကျခဲ့တယ်ဆိုတာ မယုံဘူးလား..."

" အဲ့ဒါကြောင့် မင်း အဲ့လောက်သိနေတာကိုး..."

" ဟုတ်တယ် နောက်လည်း တတ်နိုင်သမျှ ကောကြိုက်တာတွေကို လိုက်လုပ်ပေးဦးမှာမို့ နောက်ထပ်လုပ်ချင်တာ စားချင်တာရှိရင်လည်း ပြောနော်..."

" မင်းရော..."

" ဟင်...ဘာကိုလဲ.."

" မင်းရော ဘာကြိုက်တတ်လဲ ဘာလုပ်ချင်လဲလို့လေ...။ ငါ မင်းဘာကြိုက်မှန်း ဘာမှမသိသေးဘူး..."

" ကောက ကျွန်တော်ကြိုက်တာ တကယ်လုပ်ပေးမှာလား..."

" ပြောကြည့်လေ...ပန်းချီပြပွဲပြီးရင် ငါ အားသွားပြီ ..လုပ်ပေးလို့ရတယ်..."

" ပျော်စရာကြီး ကောက ကျွန်တော့်ကို အလိုလိုက်တယ်...။ ဒါပေမယ့်...ခုနောက်ပိုင်း ဘာလုပ်ချင်တာမျိုး စဉ်းစားထားတာ သိပ်မရှိ‌တော့ဘူး ...ကျွန်တော့်ဘဝမှာ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေပဲ လုပ်ခဲ့တာ များတယ်...

ကောသိလား...ကျွန်တော် ငယ်ငယ်တည်းက ဆရာဝန်ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး...။ ငယ်ငယ်တုန်းက ကျွန်တော့်အိပ်မက်က Dancer တစ်ယောက်ဖြစ်ဖို့ပဲ...ကျွန်တော် ဆယ့်သုံးနှစ်လောက်ထဲက နားချိန်တိုင်း အကအမြဲလေ့ကျင့်ခဲ့တယ်...သင်တန်းတွေ တက်ခဲ့တယ်...ပွဲသေးသေးလေးတွေ လိုက်ပြိုင်ဖူးတယ်..."

Imperfection (Season 1) [Completed]Opowieści tętniące życiem. Odkryj je teraz